KMD မိသားစုဝင်များ၏ ကျန်းမာရေးနှင့် အသင်းအဖွဲ့စိတ်ဓာတ်မြင့်မားရေးအတွက် တတိယအကြိမ်မြောက် KMD ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ခြင်းအခမ်းအနားကို သြဂုတ်လ ၂၀ ရက်နေ့ နံနက်(၁၁)နာရီက Waterboom ဖူဆယ်ဘောလုံးကွင်းတွင်အောင်မြင်စွာကျင်းပပေးခဲ့ပါသည်။ ဗိုလ်လုပွဲကို Mobile Sales Team နှင့် Inventory အသင်းတို့ယှဉ်ပြိုင်ခဲ့ပြီး၊ Mobile Sales Team က ပိုင်နယ်တီ အဆုံးအဖြတ်ဖြင့် ဗိုလ်ဆွဲခဲ့ပါသည်။ KMD ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ (၁၉)ရက်မှစတင်ခဲ့ပြီး သြဂုတ်လ(၂၀)ရက်နေ့အထိ အမျိုးသား/အမျိုးသမီး စုစုပေါင်း အသင်း(၂၁)ဖြင့် ကျင်းပပြီးစီးခဲ့ပါသည်။