KMD

KMD Recent News

Date: 17 June 2017

**** 2016/2017 တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများအတွက် အထူးသတင်းကောင်း *****

KMD Institute တွင် (NCC, UK) မှတိုက်ရိုက်ပေးအပ်သော First International Diploma များအတွက် ပညာတော်သင်ဆုများ လျှောက်ထားနိုင်ပါပြီ First Year Diploma in Computing (NCC, UK)
------------------------------------------------------------------------------------
တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ပြီးသူများသည် NCC Education (UK) မှ ပေးအပ်သော ပထမနှစ် First Year Diploma in Computing (L4DC) သင်တန်းကို KMD Institute တွင် June, July လ တန်းခွဲများအတွက် ပညာတော်သင်ဆုများလျှောက်ထား၍ စတင်အပ်နှံနိုင်ပါပြီ။

*** Scholarship အစီအစဉ် ***

၂၀၁၆/၂၀၁၇ စာမေးပွဲကို ဘာသာစုံ ဂုဏ်ထူးရရှိသူများနှင့် (၅)ဘာသာ ဂုဏ်ထူးရှင်များ အတွက် ပညာတော်သင်ဆုအဖြစ်သင်တန်းကြေး(၂၅သိန်းကျပ်) ခံစားခွင့် ၊ (၄)ဘာသာ ဂုဏ်ထူးရှင်များ အတွက် သင်တန်းကြေး၏ (၁၂သိန်း ၅သောင်းကျပ်) ခံစားခွင့် ၊ (၃)ဘာသာ ဂုဏ်ထူးရှင်များ အတွက် (၁၀သိန်းကျပ်) ခံစားခွင့် ၊ (၂) ဘာသာ နှင့် (၁) ဘာသာဂုဏ်ထူးရှင်များ အတွက် (၅သိန်းကျပ်) ခံစားခွင့် ရရှိမှာဖြစ်ပါတယ်ရှင်
------------------------------------------------------------------------------------
တက်ရောက်ရမည့်သင်တန်းကာလ ၁နှစ် ကြာမြင့်မည်ဖြစ်ပြီး First Year Exam ဖြေဆိုအောင်မြင်ပြီးပါက NCC (UK) မှ ပေးအပ်ချီးမြှင့်သည့် International Diploma ကို ရရှိမည်ဖြစ်သည့်အပြင် သင်တန်းတက်ရောက် နေစဉ်အချိန်အတွင်း Microsoft Professional Certificate Exam ဖြေဆိုနိုင်ရန်အတွက်လည်း Exam Preparation Course များကို ထည့်သွင်းသင်ကြားပေးထားပါသည်။ ပထမနှစ် ဖြေဆိုအောင်မြင်ပြီး နောက်ထပ် အချိန် ၂ နှစ် ခန့့် ပေးရုံဖြင့် University of Greenwich, UK မှ ပေးအပ်သော B.Sc (Hons) Business Information Technology Degree ကို ရယူနိုင်မည့်အခွင့်အလမ်းကောင်းဖြစ်ပါသည်။ အစိုးရတက္ကသိုလ်တက်ရောက်နေသော ကျောင်းသား/ကျောင်းသူများ၊ အလုပ်လုပ်နေသူများ အဆင်ပြေစွာတက်ရောက် နိုင်ရန် Mon to Fri အပြင် Sat & Sun တန်းခွဲများ ကိုစီစဉ်ပေးထား သည့်အတွက်မိမိနှစ်သက်ရာအတန်းကိုရွေးချယ်ပြီးတက်ရောက်နိုင်ပါသည်။ ကွန်ပျူတာအခြေခံမရှိသူများလည်းတတ်ရောက်နိုင်ပါသည်။
နယ်မှတက်ရောက်မည့်သူများအတွက်လဲ အဆင်ပြေစေရန် အဆောင်များစီစဉ်ထားပါသည်။

သင်တန်းစတင်ဖွင့်လှစ်မည့်ရက်
**********************************
Open Date : 17 June 2017 (Sat - Sun)
Time : 7 am to 2 pm
     
Open Date : 27 June 2017 (Mon – Fri)
Time : 9 am to 1 pm
     
Open Date : 4 July 2017 (Mon – Fri)
Time : 7 am to 11 am
     
Open Date : 15 July 2017 (Sat – Sun)
Time : 10 am to 5 pm
     
************ မှတ်ချက် ************
KMD Institute နှင့် CB Bank တို့ပူးပေါင်း၍ သင်တန်းကြေးများကို CB Credit Card အသုံးပြုပြီး Installment Payment Plan (IPP)ဖြင့် အဆင်ပြေလွယ်ကူစွာ လစဉ်အရစ်ကျ ပေးသွင်းနိုင်ပါပြီ။ အသေးစိတ်ကို ထပ်မံသိရှိလိုပါက Ph: (09)770867903,(01)700895, 502233, 527436 သို့ ဆက်သွယ်စုံစမ်း
မေးမြန်းနိုင်ပါသည်။
Date: 04 April 2017

KMD မိသားစု စုပေါင်းသွေးလှူဒါန်းပွဲ (April)2017

04.04.2017 နေ့တွင် KMD Group of Campanies မှ ဆရာမ ဒေါ်တင်တင်အေး(President) ဦးဆောင်၍ ဝန်ထမ်းများစုပေါင်းပြီး (၅)ကြိမ်မြှောက် အမျိုးသားသွေးလှူဘဏ်တွင် ဝန်ထမ်းပေါင်း (၈၁) ဦးစုပေါင်းသွေးလှူဒါန်းခဲ့ပါသည်။
Date: 21 March 2017

KMD Computer Centre ၏ တစ်ကမ္ဘာလုံး အမှတ်အများဆုံးဆု ၊ ဒီပလိုမာနှင့်
ဘွဲ့ လက်မှတ်များ ပေးအပ်ချီးမြှင့် ခြင်း အခမ်းအနား


              KMD Institute ၏ ဒီပလိုမာ နှင့် ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၇ ခုနှစ် မတ်လ(၁၇) ရက်နေ့ မနက် ၉း၀၀ နာရီ မှ ၁၁း၃၀ နာရီအထိ Myanmar Convention Center, MCC တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနား အစီအစဉ်အရ Professor Lachlan MacKinnon (Head of Department for the Department of Computing & Information Systems, University of Greenwich), Mr. Allan Norton (General Manager of NCC Education), Ms. Eunice McAllister (International Regional Manager and International Awarding, Scottish Qualification Authority), U Thaung Tin (Chairman of KMD Group of Companies) တို့မှ အမှာစကားများ ပြောကြားခဲ့ကြပါသည်။


              ဆက်လက်၍ June 2016 Exam တွင် University of Greenwich မှ B.Sc (Hons) Business IT Degree ကို First class ဖြင့် အောင်မြင်ခဲ့သော မသင်းသီရိဖြိုးအေး မှ ဘွဲ့ရမောင်မယ်များကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ထို့နောက် 2015 နှင့် 2016 အတွက် တစ်ကမ္ဘာလုံး အမှတ်အများဆုံးဆု ၊ အာရှဒေသတွင်းအမှတ်အများဆုံးဆု ၊ ဘက်စုံထူးချွန်ဆု များကို ပေးအပ်ခဲ့သည်ဟုသိရပါသည်။ NCC Education (UK) မှ ဒုတိယနှစ် Diploma in Computing ကို 2015 ခုနှစ် အတွက် First in World (ကမ္ဘာ့ အမှတ်အများဆုံးပထမဆု) နှင့် First in Asia (အာရှဒေသတွင်းအမှတ်အများဆုံး) ဆုရရှိသူ မမျိုးမျိုးထွန်း ၊ Second in World (ကမ္ဘာ့ အမှတ်အများဆုံး ဒုတိယဆု) ဆုရရှိသူ မောင်သုတနိုင် တို့ အားလည်းကောင်း၊ ဒုတိယနှစ် Diploma in Computing ကို 2016 ခုနှစ် အတွက် First in World (ကမ္ဘာ့ အမှတ်အများဆုံးပထမဆု) နှင့် First in Asia (အာရှဒေသတွင်းအမှတ်အများဆုံး) ဆုရရှိသူ မောင်ကောင်းဝေလျှံလင်း၊ Second in World (ကမ္ဘာ့ အမှတ်အများဆုံးဒုတိယဆု) ဆုရရှိသူ မောင်သူရိန်ထွဋ် အား ဆုများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ NCC Education (UK) မှ ပထမနှစ် Diploma in Computing ကို 2016 ခုနှစ် အတွက် First in World (ကမ္ဘာ့ အမှတ်အများဆုံးပထမဆု) နှင့် First in Asia (အာရှဒေသတွင်းအမှတ်အများဆုံး) ဆုရရှိသူ မောင်ခိုင်ခန့် ထွန်း ၊ Second in World (ကမ္ဘာ့ အမှတ်အများဆုံးဒုတိယဆု) ဆုရရှိသူ မောင်အောင်ကျော်ထွန်း နှင့် Third in World (ကမ္ဘာ့ အမှတ်အများဆုံးတတိယဆု) ဆုရရှိသူ မထွေးနုဝေ တို့ အားလည်း ဆုများပေးအပ်ခဲ့ပါသည်။ထို့ အပြင် Scottish Qualification Authority (SQA) မှ Higher National Diploma (HND), Diploma in Computing တွင် 2016 ခုနှစ်အတွက် Ambassadors Award ရရှိသူ မောင်ဟန်ထူးဇော် နှင့် မောင်သန့်ဇော်ထက် တို့အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။


             ထို့နောက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ မှ ၂၀၁၆ ခုနှစ် စက်တင်ဘာလ အတွင်း ကျင်းပခဲ့သော စာမေးပွဲများတွင် ကွန်ပျူတာသိပ္ပံဘွဲ့ Business Information Technology (BIT), UK ရရှိသူ (၁၀၁) ဦး၊ ဒုတိယနှစ် ဒီပလိုမာ (Level 5 Diploma in Computing) ရရှိသူ (၂၁၉) ဦး၊ ပထမနှစ် ဒီပလိုမာ (Level 4 Diploma in Computing) ရရှိသူ (၂၃၆) ဦး၊ SQA (UK) မှ Higher National Diploma (HND) ရရှိသူ (၁၄) ဦး နှင့် City & Guild ဒီပလိုမာ ရရှိသူ (၁၂) ဦး တို့အား ဘွဲ့လက်မှတ်များ နှင့် ဒီပလိုမာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကြွရောက်လာကြသော ဧည့်သည်တော်များအား အကျွေးအမွေး အစီအစဉ်များဖြင့် တည်ခင်းဧည့်ခံခြင်းဖြင့်အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ ကြောင်းသတင်းရရှိပါသည်။

  • University of Greenwich(UK), NCC Education (UK)
, SQA (UK) နှင့် KMD Institute မှ ဆရာ၊ ဆရာမများ။
    University of Greenwich(UK), NCC Education (UK) , SQA (UK) နှင့် KMD Institute မှ ဆရာ၊ ဆရာမများ။
  • KMD မှ Chairman ဆရာဦးသောင်းတင်မှ မိန့်ခွန်းပြောကြား
    KMD မှ Chairman ဆရာဦးသောင်းတင်မှ မိန့်ခွန်းပြောကြား
  • L4DC မှ First in World ဆု ရရှိသော ကျောင်းသား မောင်ခိုင်ခန့်ထွန်းအား Scholarship ပေးအပ်ချီးမြှင့်
    L4DC မှ First in World ဆု ရရှိသော ကျောင်းသား မောင်ခိုင်ခန့်ထွန်းအား Scholarship ပေးအပ်ချီးမြှင့်
  • L4DC မှ Second in World ဆု ရရှိသော ကျောင်းသား
မောင်အောင်ကျော်ထွန်းအား Scholarship ပေးအပ် ချီးမြှင့် ။
    L4DC မှ Second in World ဆု ရရှိသော ကျောင်းသား မောင်အောင်ကျော်ထွန်းအား Scholarship ပေးအပ် ချီးမြှင့် ။
  • L4DC မှ Second in World ဆု ရရှိသော ကျောင်းသူ
မ ထွေးနုဝေအား Scholarship ပေးအပ် ချီးမြှင့် ။
    L4DC မှ Second in World ဆု ရရှိသော ကျောင်းသူ မထွေးနုဝေအား Scholarship ပေးအပ် ချီးမြှင့် ။
  • L5DC မှ First in World ဆု ရရှိသော ကျောင်းသား
မောင်ကောင်းဝေယံလင်းအား Scholarship ပေးအပ် ချီးမြှင့် ။
    L5DC မှ First in World ဆု ရရှိသော ကျောင်းသား မောင်ကောင်းဝေယံလင်းအား Scholarship ပေးအပ် ချီးမြှင့် ။
  • L5DC မှ Second in World ဆု ရရှိသော ကျောင်းသား
မောင်သူရိန်ထွဋ်အား Scholarship ပေးအပ် ချီးမြှင့် ။
    L5DC မှ Second in World ဆု ရရှိသော ကျောင်းသား မောင်သူရိန်ထွဋ်အား Scholarship ပေးအပ် ချီးမြှင့် ။
  • L5DC မှ First in World ဆု ရရှိသော ကျောင်းသူ
မမျိုးမျိုးထွန်းအား Scholarship ပေးအပ် ချီးမြှင့်။
    L5DC မှ First in World ဆု ရရှိသော ကျောင်းသူ မမျိုးမျိုးထွန်းအား Scholarship ပေးအပ် ချီးမြှင့်။
  • L5DC မှ Second in World ဆု ရရှိသော ကျောင်းသား
မောင်သုတနိုင် အား Scholarship ပေးအပ် ချီးမြှင့် ။
    L5DC မှ Second in World ဆု ရရှိသော ကျောင်းသား မောင်သုတနိုင် အား Scholarship ပေးအပ် ချီးမြှင့် ။
  • HND မှ SQA Ambassador Award ရရှိသော ကျောင်းသား မောင်သန့်ဇော်ထက်အား Scholarship ပေးအပ် ချီးမြှင့် ။
    HND မှ SQA Ambassador Award ရရှိသော ကျောင်းသား မောင်သန့်ဇော်ထက်အား Scholarship ပေးအပ် ချီးမြှင့် ။
  • Level 4: Diploma in Computing (L4DC)
    Level 4: Diploma in Computing (L4DC)
  • Level 5: Diploma in Computing (L5DC)
    Level 5: Diploma in Computing (L5DC)
  • B.Sc (Hons) Business in IT
    B.Sc (Hons) Business in IT
  • SQA Higher National Diploma (HND)
    SQA Higher National Diploma (HND)
  • City & Guilds
    City & Guilds
Date: 13 March 2017

KMD Group of Companies ၏ (၁၇) ကြိမ်မြောက်၊ ဆီမီး(၃ဝဝဝ) လှူဒါန်း ပူဇော်ပွဲ အခမ်းအနားကို ၁၂.၃.၁၇ (တပေါင်းလပြည့်၊ တနင်္ဂနွေနေ့ ) တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး တွင် ကျင်းပခဲ့ပါသည်။

UK နိုင်ငံရှိ NCC Education Services သည် နိုင်ငံပေါင်း ၄၅ နိုင်ငံရှိ Education Centre ပေါင်း ၃၅၀ ကျော်တွင် ပညာရေးဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ NCC Education (UK) မှ Level 4 Diploma in Computing (ပထမနှစ်ကွန်ပျူတာဒီပလိုမာ) နှင့် Level 5 Diploma in Computing (ဒုတိယနှစ်ကွန်ပျူတာဒီပလိုမာ) သင်တန်းများအတွက် စာမေးပွဲများစစ်ဆေးပြီး ဒီပလိုမာ လက်မှတ်များကို တိုက်ရိုက်ပေးအပ်လျက်ရှိပါသည်။
KMD Institute မှ ထူးချွန်ကျောင်းသူ၊ ကျောင်းသားများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိရာ ယခုရရှိသော 2016 ဆုရှင်များအပါအဝင် World Prize ရရှိသူ (၇)ဦး ၊ Global High Achiever ရရှိသူ (၃၂)ဦး၊ Asia Regional High Achiever ရရှိသူ (၃၄)ဦး၊ Roll of Honors Award ရရှိသူ (၂၅၉)ဦး ရှိသွားပြီဖြစ်ပါသည်။
NCC Education Services (UK)၏ ဒီပလိုမာသင်တန်းများအကြောင်း အသေးစိတ်သိရှိလိုပါက KMD Institute အမှတ် (၃၃၁) ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၅၀၂၂၃၃၊ ၀၁-၅၂၇၄၃၆၊ ၀၁- ၅၃၄၁၇၀၊ ၀၁-၇၀၀၈၉၅ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။
Date: 08 March 2017

(၁၇)ကြိမ်မြောက် ဆီးမီးပူဇော်ပွဲအခမ်းအနား ဖိတ်ကြားလွှာ

Date: 04 March 2017

UK ရှိ NCC Education မှ ၂၀၁၆ ခုနှစ်တစ်နှစ်လုံးအတွက် တစ်ကမ္ဘာလုံး အမှတ်အများဆုံးဆုကို KMD Institute မှ ထူးချွန်စွာရရှိ

NCC Education (UK) မှ နှစ်စဉ်ပေးအပ်သော တစ်ကမ္ဘာလုံး အမှတ်အများဆုံးဆု (၆)ဆု အနက် KMD Institute မှ ၂၀၁၆ ခုနှစ်အတွက် (၅)ဆု ကို ထူးချွန်စွာ ရရှိခဲ့ပါသည်။
၂၀၁၆ ခုနစ်တစ်နှစ်လုံးအတွက် တစ်ကမ္ဘာလုံးအမှတ်အများဆုံးဖြစ်သော World Prize ကို KMD Institute တွင် တက်ရောက်ခဲ့သောပထမနှစ် (First Year Diploma in Computing) ကျောင်းသား၊ ကျောင်းသူများ ထဲမှ မောင်ခိုင်ခန့်ထွန်း (1st in World)၊ မောင်အောင်ကျော်ထွန်း (2nd in World)၊ မထွေးနုဝေ (3rd in World) ) တို့မှ World Prize ဆု ၃ ခုလုံးကို ရရှိနိုင်ခဲ့သလို ဒုတိယနှစ် (Second Year Diploma in Computing) အတွက်လည်း မောင်ကောင်းဝေယံလင်းမှ (1st in World) ဆုကိုလည်းကောင်း၊ မောင်သူ ရိန်ထွဏ်မှ (2nd in World) ဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။ Asia Region အတွက် ပေးအပ်သော တစ်ခုတည်းသော 1st in Asia ဆိုကိုလည်း ပထမနှစ် (First Year Diploma in Computing) အတွက် မောင်ခိုင်ခန့်ထွန်း နှင့် ၊ ဒုတိယနှစ်(Second Year Diploma in Computing) ကိုလည်း မောင်ကောင်းဝေယံလင်းက ရရှိခဲ့ပါသည်။
UK နိုင်ငံရှိ NCC Education Services သည် နိုင်ငံပေါင်း ၄၅ နိုင်ငံရှိ Education Centre ပေါင်း ၃၅၀ ကျော်တွင် ပညာရေးဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ NCC Education (UK) မှ Level 4 Diploma in Computing (ပထမနှစ်ကွန်ပျူတာဒီပလိုမာ) နှင့် Level 5 Diploma in Computing (ဒုတိယနှစ်ကွန်ပျူတာဒီပလိုမာ) သင်တန်းများအတွက် စာမေးပွဲများစစ်ဆေးပြီး ဒီပလိုမာ လက်မှတ်များကို တိုက်ရိုက်ပေးအပ်လျက်ရှိပါသည်။
KMD Institute မှ ထူးချွန်ကျောင်းသူ၊ ကျောင်းသားများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိရာ ယခုရရှိသော 2016 ဆုရှင်များအပါအဝင် World Prize ရရှိသူ (၇)ဦး ၊ Global High Achiever ရရှိသူ (၃၂)ဦး၊ Asia Regional High Achiever ရရှိသူ (၃၄)ဦး၊ Roll of Honors Award ရရှိသူ (၂၅၉)ဦး ရှိသွားပြီဖြစ်ပါသည်။
NCC Education Services (UK)၏ ဒီပလိုမာသင်တန်းများအကြောင်း အသေးစိတ်သိရှိလိုပါက KMD Institute အမှတ် (၃၃၁) ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၅၀၂၂၃၃၊ ၀၁-၅၂၇၄၃၆၊ ၀၁- ၅၃၄၁၇၀၊ ၀၁-၇၀၀၈၉၅ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။
Date: 01 February 2017

KMD Annual Party အမှတ်တရ ပုံရိပ်များ

  • Slide 1
  • Slide 2
  • Slide 3
  • Slide 4
  • Slide 5
Date: 20 January 2017

KMD Annual Party

Date: 07 December 2016

KMD မိသားစု စုပေါင်းသွေးလှူဒါန်းပွဲ (December)2016

05.12.2016 နေ့တွင် KMD Group of Campanies မှ ဆရာမ ဒေါ်တင်တင်အေး(President) ဦးဆောင်၍ ဝန်ထမ်းများစုပေါင်းပြီး စတုတ္ထကြိမ်မြှောက် အမျိုးသားသွေးလှူဘဏ်တွင် ဝန်ထမ်းပေါင်း (၇၃) ဦးစုပေါင်းသွေးလှူဒါန်းခဲ့ပါသည်။
Date: 14 November 2016

KMD Group of Companies ၏ စုပေါင်း မဟာဘုံကထိန် အလှူ တော်မင်္ဂလာကို ၁၄.၁၁.၁၆ တွင် ပြည်လမ်း-လယ်တီမူဝိပသာနာ ကမ္မဋ္ဌာန်းကျောင်းတိုက်တွင် ကျင်းပခဲ့ပါသည်။

Date: 14 November 2016

(၂၀)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းကပ်လှူပွဲ ဖိတ်ကြားလွှာ

Date: 09 September 2016

Scholarship ဖြင့် UK Diploma ကိုတက်ရောက်ပြီး World First နှင့် World Second ရရှိသော ကျောင်းသား ကျောင်းသူများ၏ အတွေ့အကြုံရှင်းလင်းပွဲ ဖိတ်ကြားလွှာ

Date: 09 September 2016

KMD မိသားစု စုပေါင်းသွေးလှူဒါန်းပွဲများ

03.08.2016 နေ့တွင် KMD Group of Campanies မှ ဆရာမ ဒေါ်တင်တင်အေး(President) ဦးဆောင်၍ ဝန်ထမ်းများစုပေါင်းပြီး တတိယအကြိမ်မြှောက် အမျိုးသားသွေးလှူဘဏ်တွင် ဝန်ထမ်းပေါင်း (၇၁) ဦးစုပေါင်းသွေးလှူဒါန်းခဲ့ပါသည်။


KMD_မိသားစု စုပေါင်းသွေးလှူဒါန်းပွဲ (March)2016
14.03.2016 ရက်နေ့တွင် အမျိုးသားသွေးဌာနတွင်KMD Group of Companies မှ ဆရာမ ဒေါ်တင်တင်အေး (President)ဦးဆောင်၍ ၀န်ထမ်းများစုပေါင်းပြီး ဒုတိ ယ အကြိမ်သွေးလှူဒါန်းခဲ့ရာ ၀န်ထမ်းစုစုပေါင်း(၈၄)ဦးပါ ၀င်ခဲ့ပါသည်။
 
 
KMD မိသားစု စုပေါင်းသွေးလှူဒါန်းပွဲ (Nov)2015
နိုဝင်ဘာလ (၁၃) ရက်နေ့ တွင် အမျိုးသားသွေးဌာနတွင် KMD Group of Companies မှ ဆရာမ ဒေါ်တင်တင်အေး (President) ဦးဆောင်၍ ဝန်ထမ်းများ စုပေါင်းပြီး ပထမအကြိမ်သွေးလှူဒါန်းခဲ့ရာ ဝန်ထမ်းစုစုပေါင်း (၈ဝ)ဦးပါဝင်ခဲ့ပါသည်။
Date: 09 September 2016

ဒုတိယအကြိမ်မြောက် KMD ဘောလုံးပြိုင်ပွဲသတင်း

 
ဒုတိယအကြိမ်မြောက် KMD ဘောလုံးပြိုင်ပွဲကို စက်တင်လ(၇) ရက်မှ စတင်ပြီး၊ စက်တင်ဘာ(၂၅)ရက်တွင်နေ့တွင် ပြီးဆုံးမည်ဖြစ်ပါသည်။ အဆိုပါဘောလုံးပြိုင်ပွဲကို KMD Group of Companies မှ မိသားစုဝင် Department ပေါင်းစုံမှ တာမွေကျိုက်ကဆံဖူဆယ်ကွင်း၊ လှိုင်တက္ကသိုလ်ဖူဆယ်ကွင်းတို့တွင် တူညီဝတ်စုံများဖြင့် အသင်းပေါင်း (၂၀)ဖြင့်ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အသင်းတစ်သင်းလျှင် ကစားသမား(၈)ဦးစီဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ နောက်ထပ်အစီအစဉ်တစ်ခုအနေဖြင့် အမျိုးသမီးဘောလုံးပြိုင်ပွဲကိုလည်းကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အမျိုးသမီးဘောလုံးအသင်းတွင် KMD Retail, Channel, Enterprise Department မှ ဝန်ထမ်းများမှ ပါဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ဆုတံဆိပ်များကိုလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။ အဆိုပါဘောလုံးပြိုင်ပွဲကို မန္တလေးမြို့တွင်လည်းကျင်းပပြုလုပ်ပေးသွားပါမည်ဖြစ်သည်။
 
 
Date: 09 September 2016

Yangon ICT show information

 
ကျ နော်တို့  2 to 4 Yangon ICT show ပွဲပြုလုပ်ကျင်းပခဲ့ပါတယ်။ Notebook, Desktop, Tablet and Smartphone များကို Brand များမှပေးသောDiscount များနှင့်အတူ အထူးဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပါသည်။ ဒါအပြင် HTC vive VR Game အစီအစဉ်ကိုလည်းပါဝင်ပြသခဲ့ပါသည်။ အထူးအစီအစဉ်အဖြစ် နေ့စဉ် နံနက် ၁၁ နာရီ တကြိမ် နေ့လည် ၃ နာရီတွင်တကြိမ် ငွေကျပ် (၁၀၀၀) ကျပ်တည်းနဲ့ Smartphone ပိုင်ဆိုင်နိုင်မည့် အထူးအစီအစဉ်ကိုပြုလုပ်ကျင်းပခဲ့ပါသည်။ KMD institute မှ သင်တန်းအပ်နှံသူများအတွက် ဘာသာရပ်အလိုက် discount များပေးခဲ့ပါသည်။
 
 
Date: 17 August 2016

Lenovo Smartphone ရဲ့  ၁နှစ်ပြည့် 1 Year Big Sale အထူးအစီအစဉ်

 
Aug 18 ရက်ကနေ Sept 30 ရက်အထိ Lenovo ရဲ့  ၁နှစ်ပြည့် 1 Year Big Sale အထူးအစီအစဉ်ကိုပြုလုပ်သွားမည်ဟုသိရပါသည်။ အဆိုပါအထူးအစီအစဉ်တွင် Lenovo A2010 *99,000/-Ks* ကို *79,000/-Ks* ဖြင့်ဝယ်ယူနိုင်ပြီး , Lenovo A6000 Plus *159,000/-Ks *ကို *139,000/-Ks* ဖြင့်ဝယ်ယူနိုင်ပြီး , Lenovo Vibe P1 *289,000/-Ks* ကို (Original back cover + Magnetic Finger Ring)အပါအဝင် *249,000/-Ks * ဖြင့်ဝယ်ယူနိုင်ပြီး , Lenovo Vibe S1 *299,000/-Ks* ကို (Original back cover + Magnetic Finger Ring)အပါအဝင် *259,000/-Ks* ဖြင့်ဝယ်ယူနိုင်ပြီး, Lenovo Vibe Shot *329,000/-Ks* ကို *299,000/-Ks* ဖြင့်ဝယ်ယူနိုင်သည် ဟုသိရပါသည်။ဒါအပြင် Lenovo 1 Year Big Sale အစီအစဉ်တွင်ဝယ်ယူအားပေးသော Customer များအတွက်အထူးအစီအစဉ်အနေနဲ့ အဖိုးတန် *မော်တော်ဆိုင်ကယ်** (၅) စီး ၊ ရေခဲသေတ္တာ(၁၀)လုံး ၊ Notebook(၅) လုံး ၊ Tablet (၁၀)ခု ၊* *Hotplate (၅၀) ခု* *၊* *Rice Cooker(၅၀) ခု* *၊ ကျပ်တစ်သိန်းဆု** (၁၀)ဆု* အပါအဝင် ကျပ်သိန်းပေါင်း (၂၀၀) ကျော်တန်ဖိုးရှိလက်ဆောင်ပစ္စည်းတွေကို ထည့်သွင်းကံစမ်းပေးသွား မှာဖြစ်တယ်ဟုသိရပါသည်။ဒီအစီအစဉ်ကိုမြန်မာတပြည်လုံးရှိ Lenovo Smartphone အရောင်းဆိုင်ကြီးများတွင်ဝယ်ယူကံစမ်းနိုင်သည်ဟုသိရပါသည်။ အထက်ပါအစီအစဉ်နဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါကဆက်သွယ်ရန်ဖုန်း-01 381035,385077,391286 Ext:141,142 သို့စုံစမ်းမေးမြန်း နိုင်ပါသည်။
Date: 10 August 2016

နေပြည်တော် KMD ၏ Computer & Mobile Special Sale အထူးအစီအစဉ်

 
နေပြည်တော် KMD Computer & Mobile Centre တွင် August 9 ရက်မှ 11 ရက် နေ့အထိ Special Sale အထူးအစီအစဉ်ကိုပြုလုပ်သွားမည်ဟု သိရပါသည်။ထို 9 to 11 Special Sale တွင် ယခင်ရောင်းဈေး 356,000/-Ks Celeron N2840 Notebook ကို ယခုရောင်းဈေး 279,000/-Ks ၊ ယခင်ရောင်းဈေး 451,000/-Ks Pentium N3540 Notebook ကို ယခုရောင်းဈေး 349,000/-Ks ၊ ယခင်ရောင်ဈေး 558,000/-Ks Core i3 Notebook(Graphic) ကို ယခုရောင်းဈေး 449,000/-Ks ဖြင့်ရောင်းချပေးသွားမှာ ဖြစ်ပြီး Branded Notebook ဝယ်ယူသူများအတွက် Mouse,Case,Mouse Pad,Keyboard Cover,Cleaning Kit,Notebook Fan,Headphone,Topup Card 5,000/-Ks စသည့်လက်ဆောင်ပစ္စည်း (၈)မျိုးကိုပေးသွားမှာဖြစ်တယ်ဟုသိရပါသည်။ နေပြည်တော် KMD Special Sale အထူးအစီအစဉ်နှင့်ပတ်သတ်၍ အသေးစိတ် သိရှိလိုပါက ၀၆၇ ၄၂၁၀၆၅ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Date: 25 June 2016

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများအတွက် be Sleek Pro Ultrabook ရဲ့လျော့ဈေး အထူးအစီအစဉ်

 
2015 - 2016 တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအတွက် အထူးလျော့ဈေးအနေဖြင့် ပါးလွှာပေါ့ပါးပြီး စွမ်းဆောင်ရည်မြင့် beSleek Pro Ultrabook ကို ယခင်ရောင်းဈေး 537,000-/Ks ကိုယခုရောင်းဈေး 399,000-/Ks ဖြင့် ရောင်းချပေးသွားမည်ဟုသိရပါသည်။ beSleek Pro Ultrabook ဟာ ကျောင်းသူကျောင်းသားတိုင်းအတွက် အထောက်အကူဖြင့် စေမဲ့ Ultrabook တလုံးပဲဖြစ်ပါတယ်။ Intel 5th Generation Core i3 5005 ဖြင့် စွမ်း ဆောင်ရည်မြှင့်တင်ထားသော၊ 4GB DDR3L RAM နှင့် 64GB SSD Storage၊ ကြည်လင်ပြတ်သားသော အသံပိုင်းကို ပေးစွမ်းမည့် Dual Stereo Speaker ၊ င်္Full HD ရသကို ပေးစွမ်းနိုင်မည့် (1920 x 1080 Resolution) ၊ Window 10 ပါဝင်ပြီး ၊ 7000 mAh ပမာဏရှိ နည်းပညာမြင့် 4 Cell Polymer Lion Battery များဖြင့်၊ ဗိုင်းရပ်(စ်)နှင့်လုံခြုံရေး အန္တာယ်များကို ကာကွယ်ပေးမည့် McAfee Anti-Virus License Version (၁)နှစ်စာ နှင့်အာမခံ (၁)နှစ်ပါဝင်ပါတယ်။ beSleek Pro Ultrabook အထူးအစီအစဉ်နှင့် ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက 01 385077, 01 385177 (Ext: 142) သို့စုံစမ်းမေးမြန်းနိုင်ပါတယ်။
Date: 03 June 2016

Notebook Special Sales

 
Date: 01 June 2016

L4DC & L5DC သင်တန်းများ

 
Date: 28 May 2016

Lenovo Yoga 3Pro

 
Date: 28 May 2016

ရုံးသုံး/ကျောင်းသုံး အတွက် DLP နည်းပညာဖြင့် တောက်ပသောပုံရိပ်ကို ပေးစွမ်းနိုင်သည့် NEC Projector

 
Date: 28 May 2016

Mobile Phone, PC နှင့် Laptop အတွက် အကောင်းဆုံးသော Intel Security

 
Date: 28 May 2016

Lenovo 4G Smart Phone

 
Date: 14 May 2016

Vibe K4Note

 

Lenovo Y700

 
Date: 08 May 2016

Prolink

Lenovo IdeaCentre

Date: 08 May 2016

Lenovo Theater Max