(၁၇) ကြိမ်မြောက်၊ ဆီမီး(၃ဝဝဝ) လှူဒါန်း ပူဇော်ပွဲ အခမ်းအနား

KMD Group of Companies ၏ (၁၇) ကြိမ်မြောက်၊ ဆီမီး(၃ဝဝဝ) လှူဒါန်း ပူဇော်ပွဲ အခမ်းအနားကို ၁၂.၃.၁၇ (တပေါင်းလပြည့်၊ တနင်္ဂနွေနေ့ ) တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး တွင် ကျင်းပခဲ့ပါသည်။


KMD Group of Companies ၏ စုပေါင်း မဟာဘုံကထိန် အလှူ တော်မင်္ဂလာ

KMD Group of Companies ၏ စုပေါင်း မဟာဘုံကထိန် အလှူ တော်မင်္ဂလာကို ၁၄.၁၁.၁၆ တွင် ပြည်လမ်း-လယ်တီမူဝိပသာနာ ကမ္မဋ္ဌာန်းကျောင်းတိုက်တွင် ကျင်းပခဲ့ပါသည်။


နှစ်သစ်ကူး ပရိတ်တရားတော်နာယူပွဲ (Yangon)

KMD Group of Companies ၏ စုပေါင်း မဟာဘုံကထိန် အလှူ တော်မင်္ဂလာကို ၁၄.၁၁.၁၆ တွင် ပြည်လမ်း-လယ်တီမူဝိပသာနာ ကမ္မဋ္ဌာန်းကျောင်းတိုက်တွင် ကျင်းပခဲ့ပါသည်။


နှစ်သစ်ကူး ပရိတ်တရားတော်နာယူပွဲ (Mandalay)

ဧပြီလ (၁ဝ) ရက်နေ့တွင် 77 Mobile & IT Mall ၌ သံဃာတော်များပင့်ဖိတ်၍ ပရိတ်တရားတော်နာယူ ခဲ့ပါသည်။


နှစ်သစ်ကူး ပရိတ်တရားတော်နာယူပွဲ (Yangon)

KMD Group of Companies ၏ စုပေါင်း မဟာဘုံကထိန် အလှူ တော်မင်္ဂလာကို ၁၄.၁၁.၁၆ တွင် ပြည်လမ်း-လယ်တီမူဝိပသာနာ ကမ္မဋ္ဌာန်းကျောင်းတိုက်တွင် ကျင်းပခဲ့ပါသည်။


KMD Group of Companies ၏ မဟာဘုံကထိန် အလှူတော်မင်္ဂလာ (Yangon)

(၂၁) ကြိမ်မြောက် KMD Group of Companies ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကို ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလ၊ ၃ ရက်(သောကြာနေ့) နံနက် ၉:၃ဝ နာရီတွင် လယ်တီမူဝိပဿနာ ကမ္မဌာန်း ကျောင်းတိုက်တွင် သံဃာတော် (၃၅) ပါးအား ကထိန်သင်္ကန်း ကပ်လှူပူဇော်ပြီး တရားနာယူ၍ အောင်မြင်စွာ ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။ စုပေါင်းမဟာဘုံကထိန်အလှူတော်တွင် ငွေသားတန်ဖိုး (၄,၄၆၄,၅ဝဝ) ကျပ်၊ ပစ္စည်းတန်ဖိုး (၄၉၈,၃ဝဝ) ကျပ်၊ ဆွမ်းအလှူတော် နှင့် ဧည့်ခံကျွေးမွေးရေးအတွက် (၇၂ဝ,၂ဝဝ) ကျပ်၊ အားလုံးအတွက် စုစုပေါင်း လှူဒါန်းငွေ (၅,၆၈၃,ဝဝဝ)ကျပ် (ငါးဆယ့်ခြောက်သိန်း ရှစ်သောင်း သုံးထောင်ကျပ်) ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။


KMD Group of Companies ၏ မဟာဘုံကထိန် အလှူတော်မင်္ဂလာ (Mandalay)

(၁၄) ကြိမ်မြောက် MDY KMD Group of Companies ၏ မဟာဘုံကထိန်အလှူတော်မင်္ဂလာကို ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလ၊ ၂၉ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်၊ ဆံတော်ရှင်းတိုက်၊ ဆံတော်ရှင်းကျောင်း၌ သံဃာတော် (၁၁) ပါး၊ ကိုရင် (၇) ပါး၊ သီလရှင် (၂) ပါး အား ပင့်ဖိတ်၍ ကထိန်သင်္ကန်း ကပ်လှူပူဇော်ပြီး တရားနာယူ၍ အောင်မြင်စွာ ရေစက်သွန်းချလှူဒါန်းခဲ့ပါသည်။ သံဃာတော် (၁၁) ပါးအား တစ်ပါးလျှင် သင်္ကန်းခြင်း (၁)ခြင်း နှင့် ဝတ္ထုငွေ ၂ဝ,ဝဝဝ ကျပ် ကပ်လှူခဲ့ပါသည်။ ကိုရင် (၇) ပါးအား တစ်ပါးလျှင် သင်္ကန်း (၁) ထည် နှင့် ဝတ္ထုငွေ ၁ဝ,ဝဝဝ ကျပ် ကပ်လှူခဲ့ပါသည်။ သီလရှင် (၂) ပါးအား တစ်ပါးလျှင် ဝတ္ထုငွေ ၁ဝ,ဝဝဝ ကျပ် ကပ်လှူခဲ့ပါသည်။ ကထိန်ညှပ်မကြီးအတွက် ဝတ္ထုငွေ ၇ဝဝ,ဝဝဝ (ခုနှစ်သိန်းကျပ်) နှင့် သင်္ကန်း၊ ထီး၊ ဖိနပ်၊ စောင်၊ ခြုံပုဝါ၊ မျက်နှာသုတ်ပုဝါ၊ ဆေးခြင်း၊ ဆေးစုံဗူး၊ ဆပ်ပြာမှုန့် နှင့် တံမြက်စည်း စသည်တို့ကို ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။ သံဃာတော်များအား နေ့ဆွမ်းနှင့် အချိုပွဲများကို ကပ်လှူခဲ့ပါသည်။ ဝတ္ထုငွေ၊ လှူဖွယ်ပစ္စည်းများ၊ ဆွမ်း နှင့် ဧည့်ခံကျွေးမွေးရေး အားလုံးအတွက် စုစုပေါင်း ၂,ဝ၇၁,ဝဝဝ (နှစ်ဆယ်သိန်း ခုနှစ်သောင်း တစ်ထောင်ကျပ်)ရေစက်ချ
လှူဒါန်းခဲ့ပါသည်။