တတိယအကြိမ်မြောက် KMD မိသားစု ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအောင်မြင်စွာ ကျင်းပပြီးစီး

KMD မိသားစုဝင်များ၏ ကျန်းမာရေးနှင့် အသင်းအဖွဲ့စိတ်ဓာတ်မြင့်မားရေးအတွက် တတိယအကြိမ်မြောက် KMD ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြင့်ခြင်းအခမ်းအနားကို သြဂုတ်လ ၂၀ ရက်နေ့ နံနက်(၁၁)နာရီက Waterboom ဖူဆယ်ဘောလုံးကွင်းတွင်အောင်မြင်စွာကျင်းပပေးခဲ့ပါသည်။ ဗိုလ်လုပွဲကို Mobile Sales Team နှင့် Inventory အသင်းတို့ယှဉ်ပြိုင်ခဲ့ပြီး၊ Mobile Sales Team က ပိုင်နယ်တီ အဆုံးအဖြတ်ဖြင့် ဗိုလ်ဆွဲခဲ့ပါသည်။ KMD ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ (၁၉)ရက်မှစတင်ခဲ့ပြီး သြဂုတ်လ(၂၀)ရက်နေ့အထိ အမျိုးသား/အမျိုးသမီး စုစုပေါင်း အသင်း(၂၁)ဖြင့် ကျင်းပပြီးစီးခဲ့ပါသည်။


Scholarship ပေးအပ်ချီးမြှင့်ခြင်း

2015 နှင့် 2016 ခုနှစ် အတွက် တစ်ကမ္ဘာလုံး အမှတ်အများဆုံးဆု ၊ အာရှဒေသတွင်းအမှတ်အများဆုံးဆု ၊ ဘက်စုံထူးချွန်ဆု များကို ပေးအပ်ခြင်း
♦ NCC Education (UK) မှ ဒုတိယနှစ် Diploma in Computing ကို 2015 ခုနှစ် အတွက်
    - First in World (ကမ္ဘာ့ အမှတ်အများဆုံးပထမဆု) နှင့် First in Asia (အာရှဒေသတွင်းအမှတ်အများဆုံး) ဆုရရှိသူ မမျိုးမျိုးထွန်း
    - Second in World (ကမ္ဘာ့ အမှတ်အများဆုံး ဒုတိယဆု) ဆုရရှိသူ မောင်သုတနိုင် တို့ အားလည်းကောင်း၊
♦ NCC Education (UK) မှ ပထမနှစ် Diploma in Computing ကို 2016 ခုနှစ် အတွက်
   - First in World (ကမ္ဘာ့ အမှတ်အများဆုံးပထမဆု) နှင့် First in Asia (အာရှဒေသတွင်းအမှတ်အများဆုံး) ဆုရရှိသူ မောင်ခိုင်ခန့် ထွန်း
   - Second in World (ကမ္ဘာ့ အမှတ်အများဆုံးဒုတိယဆု) ဆုရရှိသူ မောင်အောင်ကျော်ထွန်း နှင့်
   - Third in World (ကမ္ဘာ့ အမှတ်အများဆုံးတတိယဆု) ဆုရရှိသူ မထွေးနုဝေ တို့ အားလည်းကောင်း
♦ ဒုတိယနှစ် Diploma in Computing ကို 2016 ခုနှစ် အတွက်
   - First in World (ကမ္ဘာ့ အမှတ်အများဆုံးပထမဆု) နှင့် First in Asia (အာရှဒေသတွင်းအမှတ်အများဆုံး) ဆုရရှိသူ မောင်ကောင်းဝေလျှံလင်း
   - Second in World (ကမ္ဘာ့ အမှတ်အများဆုံးဒုတိယဆု) ဆုရရှိသူ မောင်သူရိန်ထွဋ် တို့အား ဆုများပေးအပ်ခဲ့ပါသည်။
♦ Scottish Qualification Authority (SQA) မှ Higher National Diploma (HND), Diploma in Computing တွင် 2016 ခုနှစ်အတွက်
    - Ambassadors Award ရရှိသူ မောင်ဟန်ထူးဇော် နှင့် မောင်သန့်ဇော်ထက် တို့အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

NCC Education (UK) ရဲ့ပထမနှစ် Diploma in Computing အတွက် KMD မှ နှစ်စဉ် နှစ်တိုင်း ပညာတော်သင်ဆုများကို တက္ကသိုလ်ဝင်တန်းစာမေးပွဲထူးချွန်အောင်မြင်သူများအတွက် အောက်ပါအတိုင်းပေးအပ် ချီးမြှင့်ခဲ့ပြီး ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

  • ၂၀၁၆ အတွက် ကျောင်းသားဦးရေ ၉၇ ယောက်အတွက် သိန်းနှစ်ထောင်ကျော် ချီးမြှင့်ခဲ့ပါသည်။
  • ၂၀၁၅ အတွက် ကျောင်းသားဦးရေ ၁၅၀ ယောက်အတွက် သိန်းသုံးထောင်ကျော် ချီးမြှင့်ခဲ့ပါသည်။
  • ၂၀၁၄ အတွက် ကျောင်းသားဦးရေ ၁၂၆ ယောက်အတွက် သိန်းတစ်ထောင်ကျော် ချီးမြှင့်ခဲ့ပါသည်။
  • ၂၀၁၃ အတွက် ကျောင်းသားဦးရေ ၉၆ ယောက်အတွက် သိန်းငါးရာကျော် ချီးမြှင့်ခဲ့ပါသည်။
  • ၂၀၁၂ အတွက် ကျောင်းသားဦးရေ ၁၀၄ ယောက်အတွက် သိန်းသုံးရာကျော် ချီးမြှင့်ခဲ့ပါသည်။
  • ၂၀၁၁ အတွက် ကျောင်းသားဦးရေ ၁၀၉ ယောက်အတွက် သိန်းသုံးရာကျော် ချီးမြှင့်ခဲ့ပါသည်။