(၂၄) ကြိမ်မြောက် KMD Group of Companies (YGN) ၏ စုပေါင်း မဟာဘုံကထိန် အလှူတော် မင်္ဂလာကို၂ဝ၂၀ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၉ ရက် ၊ နံနက် ၉:၃ဝ နာရီ တွင် လယ်တီမူဝိပဿနာကမ္မဌာန်း ကျောင်းတိုက် တွင် ကထိန်သင်္ကန်း ကပ်လှူ ပူဇော်ပြီး တရားနာယူ၍ အောင်မြင်စွာ ရေစက်သွန်းချလှူဒါန်း ခဲ့ပါသည်☺️

စုပေါင်းမဟာဘုံကထိန်အလှူတော်တွင် အလှူငွေသားတန်ဖိုး (၃,၄၅၃,၀၀၀) ကျပ်၊ အလှူပစ္စည်းတန်ဖိုး (၂၈၀,၀၀၀) ကျပ် ၊ ဆွမ်းအလှူတာ် နှင့် ဧည့်ခံကျွေးမွေးရေးအတွက် (၁၇၅,၀၀၀) ကျပ်၊ အားလုံးအတွက် စုစုပေါင်း လှူဒါန်းငွေ (၃,၉၀၈,၀၀၀) ကျပ် တိတိ ကို ရေစက်သွန်းချလှူဒါန်းခဲ့ပါသည်☺️
KMD Group of Companies (YGN) ကနေပြုလုပ်ခဲ့တဲ့ ကုသိုလ်အပေါင်းကို KMD မိသားစုဝင်များနှင့်တကွ မိဘပြည်သူညီအကို မောင်နှမ အားလုံး ထပ်တူထပ်မျှ သာဓုခေါ်စေနိုင်ရန်အတွက် ကထိန်ကုသိုလ် များကိုဝေမျှပေးလိုက်ရပါတယ် ☺️