Media > 2019

KMD Institute ဒီပလိုမာနှင့် ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့် ခြင်း အခမ်းအနား

KMD Institute ၏ ဒီပလိုမာ နှင့် ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၉
ခုနှစ် ဇွန်လ (၂၃) ရက်နေ့ မနက် ၉းဝဝ နာရီ မှ ၁၂းဝဝ နာရီအထိ Lotte Hotel တွင် ကျင်းပ
ပြုလုပ်ခဲ့ပါသည်။ အခမ်းအနား အစီအစဉ်အရ Graduation Speech ကို Professor Dr. Aung Tun Thet
, Honorary Professor from University of British Columbia (Vancouver)။ Visiting Professor from
Payap University, Chiangmai (Thailand)။ Visiting Professor from Yangon University။ Professor
Emeritus from Yangon University of Economics မှ လည်းကောင်း၊ Prof. Mayur Patel, Professor
and Director of Internationalization and Partnerships, Department of Mathematical Sciences,
Faculty of Architecture, Computing and Humanities from University of Greenwich မှ
လည်းကောင်း၊ Mr. Allan Nortan, General Manager, NCC Education (UK) မှ လည်းကောင်း၊ Mr.
Michael Koetsier, International Regional Manager, Scottish Qualification Authority မှ
လည်းကောင်း၊ Welcome Speech ကို ဦးသောင်းတင်, Chairman of KMD Group of Companies တို့မှ
ကျောင်းသား ကျောင်းသူများအား အမှာစကားများ အသီးသီးပြောကြားခဲ့ကြပါသည်။
ဆက်လက်၍ ဒီဇင်ဘာ၂၀၁၈ စာမေးပွဲတွင်University of Greenwich (UK) မှ B.Sc (Hons)
Business IT Degree ကို First class ဖြင့် အောင်မြင်ခဲ့သော ကျောင်းသား မောင်ဝိုင်းလမင်းလွင် နှင့်
မအေးပြည့်စုံတို့မှ ဘွဲ့ရမောင်မယ်များ ကိုယ်စား မိဘများကို ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ဒီဇင်ဘာ၂၀၁၈ စာမေးပွဲတွင်University of Greenwich (UK) မှ B.Sc (Hons) Business IT Degree ကို
First class ဖြင့် အောင်မြင်ခဲ့သော ကျောင်းသူမမျိူးမျိူးထွန်း မှ သင်တန်း တက်ရာက်ခဲ့သော အတွေ့ကြုံ၊
ရရှိခဲ့သော Knowledge နှင့် အောင်မြင်ရခြင်း အကြောင်းရင်းများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် B.Sc (Hons) Business IT Degree Graduate များဖြစ်သော မောင်ဝိုင်းလမင်းလွင် နှင့်
မအေးပြည့်စုံ တို့မှလည်း ကျောင်းသားကျောငး်သူများ အားလုံးကိုယ်စား မိဘများကို ကျေးဇူးတင်စကား
ပြောကြားပေးသွားပါသည်။
KMD Institute အနေဖြင့် တက္ကသိုလ် ၀င်တန်းအောင်မြင်သော ကျောင်းသူကျောင်းသားများကို
IT နှင့် Business နည်းပညာရှင်များဖြစ်လာစေရန် ပညာတော်သင်ဆုများကို ပထမနှစ်မှ International
Degree ဘွဲ့ရသည်အထိ နှစ်စဉ်ပေးအပ်ချီးမြှင့်လျှက် ရှိပါသည်။ မြန်မာတစ်နိုင်ငံလုံးမှ ကျောင်းသူ
ကျောင်းသားများအတွက်အထူးအခွင့်အရေးတစ်ရပ်အနေနှင့် နိုင်ငံတကာ စံချိန်မီသော IT နှင့် Business
ပညာရှင်များ မွေးထုတ်ပေးရန်အတွက်၂၀၁၉ ခုနှစ်မှ စတင်ပြီး KMD Institute နှင့် NCC Education တို့
ပူးပေါင်းပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ ပထမနှစ်ဒီပလိုမာသင်တန်းများဖြစ်သော Level 4 Diploma in
Business IT နှင့် Level 4 Diploma in Computing သင်တန်းများအတွက် KMD Institue မှ
သင်တန်းကြေး ကင်းလွတ်ခွင် ့နှင့် NCC Education (UK) မှ Exam Fee ကင်းလွတ်ခွင့် ရရှိနိုင်မည့်
ရာနှုံးပြည့် ပညာတော်သင်ဆုများ ရရှိထားသော မအိဖြိုးဝေ၊ မောင်ကောင်းထက်စိုး၊ မခင်ရတနာထက်၊
မောင်ဝေလင်းတို့ကို ပထမနှစ် တက်ရောက်ရန်အတွက် သင်တန်းကြေးနှင့် စာမေးပွဲကြေး (၄၃သိန်း)
ရာနှုံးပြည့်ပညာတော်သင်ဆု ချီးမြှင့်ခဲ့ပါသည်။
KMD Institute သည်နှစ်စဉ်ဘွဲ့၊ ဒီပလိုမာ အောင်မြင်သူများကိုမွေးထုတ်ပေးလျှက်ရှိရာ ၂၀၁၇ –
၁၈ ခုနှစ်တွင်B.Sc(Hons) in Business Information Technology ဘွဲ့ရရှိသူ (၇၈)ဦး၊ Second year
Diploma In Computing (L5DC) Diploma ရရှိသူ (၅၈)ဦး၊ First year Diploma in Computing
(L4DC) Diploma ရရှိသူ(၈၉)ဦး၊ First year Diploma in Business IT (L4DC) Diploma ရရှိသူ(၄)ဦး၊
Second year SQA /HND Diploma ရရှိသူ(၂၈) ဦး ၊ First Year SQA /HND Diploma ရရှိသူ(၇၂) ဦး ၊
၊ တို့အား ဒီပလိုမာ နှင့်ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
KMD Institute သည် ယခုအချိန်အထိ NCC Education မှ ချီးမြှင့်သော တစ်ကမ္ဘာလုံးတွင်
အမှတ်အများဆုံး (Global High Achiever Award) ရရှိသူ (၃၂)ဦး၊ Asia Regional အာရှဒေသတွင်
အမှတ်အများဆုံး (High Achiever Award) ရရှိသူ(၃၆)ဦး၊ ထူးချွန်ကျောင်းသား/သူ(Roll of Honours
Award) ရရှိသူ(၂၅၉)ဦး , First in World Award (၄) ဦး၊ Second in World Award (၄)ဦး၊ Third in
World Award (၁)ဦး တို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း နှင့် SQA/HND (UK) မှပေးအပ်သော
ဘက်စုံထူးချွန်ဆု (Ambassadors Award) ကိုလည်း မြန်မာနိုင်ငံတွင် KMD Institute မှ
ကျောင်းသူကျောင်းသားများမှ ပထမဦးဆုံး ရရှိခဲ့ပြီး Ambassadors Award ရရှိသူ စုစုပေါင်း (၁၁)ဦး
ပေါ်ထွက်ခဲ့ကြောင်း သိရှိရပါသည်။
လုပ်ငန်းခွင်မဝင်မီ လိုအပ်သောလုပ်ငန်းအတွေ့အကြံုများ ရယူနိုင်ရန် ကျောင်းသူ
ကျောင်းသားများအတွက် On Job Training (OJT) ကိုပါ စီစဉ်ထားကြောင်း သိရှိခဲ့ရပါသည်။ ထို့ပြင်
အလုပ်အကိုင် အခွင့်အလမ်းအတွက်လည်း Career Fair များကိုကျင်းပပေး နေသောကြောင့်
မိမိစိတ်ဝင်စားရာ တိုးတက်မူရှိသော အလုပ်အကိုင်များလျှောက်ထားခြင်းဖြင့် လုပ်ငန်းအတွေ့အကြံုများ
ရယူနိုင်ပါကြောင်းကိုလည်းသိရှိရသည့်အပြင် နိုင်ငံခြားတွင် ပညာဆက်လက် သင်ယူလိုသူများအတွက်
လည်း နိုင်ငံခြားတွင်တက်ရောက်နိုင်သည့် University များ အားဆွေးနွေးပေးခြင်း၊ တက်ရောက်လိုသည့်
University နှင့် ချိတ်ဆက်ပေးပြီး ကျောင်းလျှောက်ပေးခြင်း များကိုလဲ ၀န်ဆောင်ခ မယူပဲ
ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။
ကျောင်းသူကျောင်းသားများကို ဒီပလိုမာ နှင့် ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းပြီး
အခမ်းအနားကို နေ့လည်၁၂နာရီတွင်အောင်မြင်စွာ ရုပ်သိမ်းခဲ့ ကြပါသည်။ ယနေ့ ခေတ်ကာလသည်
အချိန်နှင့် တစ်ပြေးညီ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာသော ခေတ်ကာလ ဖြစ်သည့် အတွက်
စီးပွားရေးလုပ်ငန်းတိုင်းတွင် IT နည်းပညာပိုင်းဆိုင်ရာနှင့် ပတ်သက်သော အခန်းကဏ္ဍသည်လည်း
အရေးပါလာပြီဖြစ်ပါသည်။ ထိုအခန်းကဏ္ဍတွင်လိုအပ်သည့် အရည်အချင်း ပြည့်မီသော IT နှင့် Business
မျိူးဆက်သစ်များကို KMD Institute မှ မွေးထုတ်ပေးနိုင်သောကြောင့် Asian-Oceanian Computing
Industry Organization (ASOCIO) ဦးစီးပြီး တိုင်ပေမြို့တွင် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၀ရက်မှ
၁၃ရက်နေ့အတွင်း ကျင်းပသော “World Congress on Information Technology 2017 (WCIT)
Forum “ တွင် ၂၀၁၇ခုနှစ်တွင် ပထမဦးဆုံး ချီးမြင့်သည့် “ICT education award” ကို
မြန်မာနိုင်ငံကိုယ်စားပြု company အနေဖြင့်KMD institute မှဂုဏ်ယူစွာဖြင့်ရရှိခဲ့ပါသည်။
ထို့ပြင်သင်ကြားရေးပိုင်း တွင်ကောင်းမွန်သည့်အတွက်လည်း NCC Education (UK) မှ ပေးအပ်
ချီးမြှင့်သည့်သင်ကြားရေးပိုင်းတွင်အကောင်းမွန်ဆုံးဆု ဖြစ်သည့်Academic Excellent Award ကိုလည်း
၂၀၀၅ခုနှစ်တွင်တစ်ကြိမ် ၂၀၀၈ ခုနှစ်တစ်ကြိမ်စုစုပေါင်း နှစ်ကြိမ်ရရှိခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင်လည်း
NCC (UK) မှ KMD Institute နှင့်နှစ်(၂၀) ကျော်ကြာ လက်တွဲမှုကို အသိအမှတ်ပြုသည့် အနေနှင့် 20
Year Partnership Award ကိုလည်း လက်ခံရရှိထားခဲ့ကြောင်း သိရှိရပါသည်။
နောက်ထပ်အောင်မြင်မှုတစ်ခုအနေနှင့် ၂၀၁၄ ခုနှစ် အတွက် Scottish Qualification Authority
(SQA/HND) မှ KMD ၏ သင်ကြားမှုအရည်အသွေး၊ စည်းစနစ်ကျမှု၊ အရည်အချင်းပြည့်ဝသော
ကျောင်းသူ၊ကျောင်းသား များမွေးထုတ်ပေးနိင်မှုကို ဂုဏ်ပြု သည့်အနေဖြင့် “International Star Award”
ဆုကိုလည်း ချီးမြှင့်ခြင်း ခံခဲ့ရကြောင်းသိရှိခဲ့ရပါသည်။
ယနေ့ခေတ်တွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်း ဦးဆောင်လုပ်ကိုင်နိုင်ရန်အတွက် academic
qualifications (ဒီပလိုမာ၊ ဒီဂရီ)၊ professional certifications နှင့် လုပ်ငန်းအတွေ့အကြံုများလိုအပ်နေပြီ
ဖြစ်ပါသည်။ မြန်မာလူငယ်များသည် Academic qualifications နှင့်Professional certifications ရရှိပြီး
IT နှင့် Business Professional တစ်ယောက်အဖြစ်ရပ်တည်နိုင်ရန်အတွက်KMD Institute တွင်IT နှင့်
Business နည်းပညာများကိုယုံကြည်စိတ်ချစွာ တက်ရောက်သင်ကြားနိုင်ပြီဖြစ်ပါသည်။
ITနှင့် Business တတ်ကျွမ်းနားလည်သော ပညာရှင်အဖြစ် မိမိတို့၏ အနာဂတ်ဘဝတွင်
အောင်မြင်သောခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်လိုသူလူငယ်တိုင်းအတွက် ကောင်းမွန်ပြည့်စုံသော
ရွေးချယ်မှုဖြစ်စေမည့်သင်တန်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ရန်ကုန်မြို့ ပြည်လမ်းမ
ပေါ်တွင်ရှိသော KMD (Myaynigone Campus) ဖုန်း ၀၁-၇၀၀၈၉၅၊ ၀၁-၅၀၂၂၃၃၊ KMD (China Town)
၀၁-၂၂၀၅၅၅၊ KMD (Pansodan) ၀၁-၃၉၁၂၈၇ သို ့လည်းကောင်း ၊KMD (Hledan 1) ၀၁-၅၂၄၄၀၀၊
၀၁-၅၀၅၃၉၉၊ ၀၉-၉၇၇၂၆၃၀၇၅၊ KMD (Hledan-2) ၀၁-၅၀၂၂၁၁၊ KMD (Theingyi Zay) ၀၁-၃၈၄၂၆၈၊
၀၁-၃၈၄၆၄၁၊ KMD (Tamwe) ၀၁-၅၄၁၃၂၈၊ သို ့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တက္ကသိုလ်ဝင်တန်းနှင့် IGCSE အလွန် ပညာရေး ဆွေးနွေးပွဲ နှင့် “Global Education Opportunities Beyond High School and the Industry 4.0 trends” ဟောပြောပွဲအခမ်းအနား

KMD Institute ၏ တက္ကသိုလ်ဝင်တန်းနှင့် IGCSE အလွန်ပညာရေး ဆွေးနွေးပွဲ နှင့် “Global
Education Opportunities Beyond High School and the Industry 4.0 trends” ဟောပြောပွဲ
အခမ်းအနားကို ၂၀၁၉ ခုနှစ်ဇွန်လ (၂၂) ရက်နေ့ နေ့လည်၂းဝဝ နာရီမှ ၅းဝဝ နာရီအထိMICT Park
တွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနား အစီအစဉ်အရ Prof. Mayur Patel, Professor and Director of
Internationalization and Partnerships, Department of Mathematical Sciences, Faculty of
Architecture, Computing and Humanities from University of Greenwich မှ နိုင်ငံတကာ
နှင့်ကမ္ဘာတဝှမ်းရှိ ပညာရေးအခွင့်အလမ်း နှင့် အလားအလာများအကြောင်း၊ University of Greenwich
(UK) တက္ကသိုလ်ကြီးအကြောင်း နှင့် ထိုတက္ကသိုလ်ကြီးနှင့် ချိတ်ဆက်ပြီး KMD Institute တွင်
တက်ရောက်နိုင်သည့်Bachelor’s Degree Program အကြောင်း၊ ဘွဲ့ရပြီးနောက် ပညာရေးနှင်
နိင်ငံတကာအလုပ်အကိုင်အခွင့်အလမ်းများအကြောင်းကို ဆွေးနွေး ဟောပြောခဲ့ပါသည်။
ထို့နောက် KMD group of companies ၏ Founder and Chairman ဦးသောင်းတင်မှ
တက္ကသိုလ်ဝင်တန်းနှင့် IGCSE အောင်မြင်သော ကျောင်းသူ၊ကျောင်းသားများ အတွက်
Industrial Revolution 4.0 ခေတ်ရေစီးကြောင်းကြီးတွင် ပြောင်းလဲလာသော နောက်ဆုံးပေါ် IT
နည်းပညာ တိုးတက်မှုများ၊ Education 4.0 အကြောင်း၊ ကျောင်းသူကျောင်းသားများ၏
ရှေ့ဆက်သွားရမည့် ပညာရေးလမ်းကြောင်းတွင် ITနည်းပညာဖြင့် အသက်မွေးဝမ်းကြောင်း
ပြုခြင်းဖြင့် ရရှိလာမည့် အလုပ်အကိုင်အခွင့်အလမ်းများ၊ IT careerလမ်းကြောင်း၏
တိုးတက်လာနိုင်သည့် အခွင့်အလမ်းများ အကြောင်း၊ ဆန်းသစ်တီထွင်မှုများ (innovation) ြ
ပုလုပ်နိုင်ရန်အလားအလာများ၊ IT နယ်ပယ်တွင်အောင်မြင်လာနိုင်ရန်ဘွဲ့ Degree ရရှိထားရန်
အရေးပါပုံ၊ နည်းပညာ တိုးတက်မှုများအကြား အသုံးပြုသူ(user) အဆင့် မှ ကိုယ်တိုင်ဖန်တီးသူ
(developer) အဆင့်အထိ ရောက်အောင် ကျောင်းသူ ကျောင်းသားများ အနေဖြင့်
ပြင်ဆင်ထားရှိရန်လိုအပ်ချက်များကိုအမေးအဖြေ ကဏ္ဏဖြင့်ဆွေးနွေးပေးသွားပါသည်။
ဆက်လက်၍ KMD Institute မှ Assistant Training Manager ဦး ဟိန်းစည်သူညွှန်မှ
လည်း KMD Institute ၏ နိုင်ငံတကာ ပညာရေးဝန်ဆောင်မှုများ ဖြစ်သည့် ပြည်တွင်းမှာပင် ဘွဲ့
ရသည် အထိ လေ့လာ သင်ယူနိုင်မည့် University of Greenwich (UK) မှ ပေးအပ်သည့်
ဘွဲ့အကြောင်း၊ ထိုဘွဲ့ကိုရယူနိုင်ရန် ကျောင်းသူကျောင်းသားများ အနေဖြင့်ရွေးချယ်နိုင်သော NCC
Education (UK) နှင့် SQA (UK) တို့မှပေးအပ်သည့် ပညာရေးလမ်းကြောင်းများ၊ KMD Institute
မှ ထူးချွန်ကျောင်းသူကျောင်းသားများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် နှစ်စဉ်ပေးအပ်လျှက်
ရှိသော Scholarship များနှင့် Discount များအကြောင်း၊ ပြည်ပပညာရေးကို သင်ယူလိုသော
ကျောင်းသူ ကျောင်းသားများအတွက် နိုင်ငံခြားတွင် လေ့လာသင်ယူနိုင်မည့် တက္ကသိုလ်များ
အကြောင်း ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်သောကျောင်းသူကျောင်းသားများကို KMD Institute မှ
IT နှင့်Business နည်းပညာရှင်များဖြစ်လာစေရန်ပညာတော်သင်ဆုများကို ၂၀၀၂ ခုနှစ်မှ စတင်
ပြီး ပထမနှစ်မှ International Degree ဘွဲ့ရသည်အထိ နှစ်စဉ်ပေးအပ်ချီးမြှင့်လျှက် ရှိပါသည်။
၂၀၁၉ ခုနှစ်မှ စတင်ပြီး KMD Institute နှင့် NCC Education တို့ ပူးပေါင်းပြီး ၂၀၁၉-၂၀၂၀
ပညာသင်နှစ်၏ ပထမနှစ်ဒီပလိုမာသင်တန်းများဖြစ်သော Level 4 Diploma in Business IT နှင့်
Level 4 Diploma in Computing သင်တန်းများအတွက် KMD Institue မှ သင်တန်းကြေး
ကင်းလွတ်ခွင့်နှင့် NCC Education (UK) မှ Exam Fee ကင်းလွတ်ခွင့် ရရှိနိုင်မည့် ရာနှုံးပြည့်
ပညာတော်သင်ဆုများ ပေးအပ်ကြောင်းကိုလည်း သိရှိရပါသည်။
လုပ်ငန်းခွင်မဝင်မီ လိုအပ်သောလုပ်ငန်းအတွေ့အကြုံများ ရယူနိုင်ရန် ကျောင်းသူ
ကျောင်းသားများအတွက် On Job Training (OJT) ကိုပါ စီစဉ်ထားကြောင်း သိရှိခဲ့ရပါသည်။
ထို့ပြင် အလုပ်အကိုင် အခွင့်အလမ်းအတွက်လည်း Career Fair များကိုကျင်းပပေး
နေသောကြောင့် မိမိစိတ်ဝင်စားရာ တိုးတက်မူရှိသော အလုပ်အကိုင်များလျှောက်ထားခြင်းဖြင့်
လုပ်ငန်းအတွေ့အကြံုများ ရယူနိုင်ပါကြောင်းကိုလည်းသိရှိရသည့်အပြင် နိုင်ငံခြားတွင်
ပညာဆက်လက်သင်ယူလိုသူများအတွက်လည်း နိုင်ငံခြားတွင်တက်ရောက်နိုင်သည့်University
များ အားဆွေးနွေးပေးခြင်း၊ တက်ရောက်လိုသည့် University နှင့် ချိတ်ဆက်ပေးပြီး
ကျောင်းလျှောက်ပေးခြင်း များကိုလဲ ၀န်ဆောင်ခ မယူပဲ ဆောင်ရွက်ပေးလျက်
ရှိကြောင်းသိရှိရပါသည်။
ဟောပြောပွဲအခမ်းအနားတွင်ကျောင်းသားကျောင်းသူများနှင့် မိဘ စုစုပေါင်း ၄၀၀ ကျော်
တက်ရောက်ခဲ့ပြီး မိဘများနှင့် ကျောင်းသူကျောင်းသားများ၏ သိလိုသည်များကို ဖြေကြားပေးပြီး
သင်တန်းများတက်ရောက်ရန် ယုံကြည်စွာဖြင့် ရွေးချယ်အပ်နှံခဲ့ကြပါသည်။ ညနေ၅ နာရီတွင်
အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။
ယနေ့ခေတ်တွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်း ဦးဆောင်လုပ်ကိုင်နိုင်ရန်အတွက်
academic qualifications (ဒီပလိုမာ၊ ဒီဂရီ)၊ professional certifications နှင့်
လုပ်ငန်းအတွေ့အကြံုများလိုအပ်နေပြီဖြစ်ပါသည်။ KMD Institute အနေဖြင့် နိုင်ငံတော်၏ ICT
နည်းပညာရပ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကိုးအားထားပြုရမယ့် ခေါင်းဆောင် ကောင်း
များမွေးထုတ်ပေးနိုင်ရန်IT နှင့် Business သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။
အနာဂတ်ဘဝတွင် အောင်မြင်သောခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်လိုသူ လူငယ်တိုင်း
အတွက် ကောင်းမွန်ပြည့်စုံသော ရွေးချယ်မှုဖြစ်စေမည့် သင်တန်းများ ပတ်သက်၍ အသေးစိတ်
သိရှိလိုပါက ရန်ကုန်မြို့ ပြည်လမ်းမ ပေါ်တွင်ရှိသော KMD (Myaynigone Campus) ဖုန်း ၀၁-
၇၀၀၈၉၅၊ ၀၁-၅၀၂၂၃၃၊ KMD (China Town) ၀၁-၂၂၀၅၅၅၊ ၀၁-၃၉၁၂၈၇ သို ့လည်းကောင်း
၊KMD (Hledan 1) ၀၁-၅၂၄၄၀၀၊ ၀၁-၅၀၅၃၉၉၊ ၀၉-၉၇၇၂၆၃၀၇၅၊ KMD (Hledan-2) ၀၁-
၅၀၂၂၁၁၊ ၀၉-၄၀၂၁၇၁၂၂၇၊ KMD (Theingyi Zay) ၀၁-၃၈၄၂၆၈၊ ၀၁-၃၈၄၆၄၁၊ ၀၁-၂၂၀၅၅၊
KMD (Tamwe) ၀၁-၅၄၁၃၂၈၊ သို ့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

2018/2019 တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများအတွက် အထူးသတင်းကောင်း

KMD Institute တွင် (NCC, UK) မှတိုက်ရိုက်ပေးအပ်သော First International Diploma များအတွက် ပညာတော်သင်ဆုများ လျှောက်ထားနိုင်ပါပြီ First Year Diploma in Computing (NCC, UK), First Year Diploma in Business IT (NCC, UK)နှင့် First Year Higher National Diploma in Computing (SQA, UK)
————————————————————————————
တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ပြီးသူများသည် NCC Education (UK) မှ ပေးအပ်သော ပထမနှစ် First Year Diploma in Computing (L4DC), First Year Diploma in Business IT (NCC, UK)နှင့် First Year Higher National Diploma in Computing (SQA, UK)သင်တန်းကို KMD Institute တွင် June လ တန်းခွဲများအတွက် ပညာတော်သင်ဆုများလျှောက်ထား၍ စတင်အပ်နှံနိုင်ပါပြီ။*** First Year Diploma in Computing (NCC, UK)နှင့် First Year Diploma in Business IT (NCC, UK) ၏ ပညာတော်သင်ဆု အစီအစဉ် ***၂၀၁၈/၂၀၁၉ စာမေးပွဲကို ဘာသာစုံ ဂုဏ်ထူးရရှိသူများအတွက် (၂၅သိန်းကျပ်)နှင့် (၅)ဘာသာ ဂုဏ်ထူးရှင်များ အတွက် ပညာတော်သင်ဆုအဖြစ် သင်တန်း ကြေး (၂၀သိန်းကျပ်) ခံစားခွင့် ၊ (၄)ဘာသာ ဂုဏ်ထူးရှင်များ အတွက် သင်တန်းကြေး၏ (၁၂သိန်ကျပ်) ခံစားခွင့် ၊ (၃)ဘာသာ ဂုဏ်ထူးရှင်များ အတွက် (၉သိန်းကျပ်) ခံစားခွင့် ၊ (၂) ဘာသာဂုဏ်ထူးရရှိသူများအတွက် (၆သိန်းကျပ်) နှင့် (၁) ဘာသာဂုဏ်ထူးရှင်များ အတွက် (၃သိန်းကျပ်) ခံစားခွင့် ရရှိမှာဖြစ်ပါတယ်ရှင် …*** First Year Higher National Diploma in Computing (SQA, UK) ၏ ပညာတော်သင်ဆု အစီအစဉ် ***တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ – (၉) သိန်းကျပ်သင်တန်းစတင်ဖွင့်လှစ်မည့်ရက်

First Year Diploma in Computing (NCC, UK)
==================================
Open Date:14 June 2019 (Mon – Fri)
Time : 11:00 AM to 03:00 PM

Open Date : 15 June 2019 (Sat – Sun)
Time : 10:00 AM to 05:00 PM

First Year Diploma in Business IT (NCC, UK)
==================================
Open Date : 14 June 2019 (Mon – Fri)
Time : 07:00 AM to 11:00 AM

Open Date : 15 June 2019 (Sat – Sun)
Time : 07:00 AM to 02:00 PM

First Year Higher National Diploma in Computing (SQA, UK)
==================================
Open Date : 14 June 2019 (Mon – Fri)
Time : 11:00 AM to 03:00 PM

KMD Institute (Myaynigone Campus)
=======================
No.331, Pyay Road, Myaynigone, Sanchaung Township, Yangon. 01- 381776, 381035, 502233, 527436, 220555, 700895 Hotline : 09-770867903 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။အောက်ပါ Link တွင် ဆက်သွယ်ရန် အချက်အလက်များ ဖြည့်စွက်ထားနိုင်ပါသည်။
KMD Institute – Contact Form

နှစ်သစ်ဆုမွန်လွှာ

နှစ်သစ်ကူးအခါသမယတွင် မြန်မာနိုင်ငံသူ/သားအပေါင်းရွှင်လန်းချမ်းမြေ့ပါစေကြောင်းနှင့် ICT ပညာရပ်များပိုမိုထွန်းကားပါစေကြောင်း ဆုမွန်ကောင်းများတောင်းပေးလိုက်ပါသည်။

 

(၁၈) ကြိမ်မြောက်၊ ဆီမီး(၃၀၀၀) လှူဒါန်း ပူဇော်ပွဲ အခမ်းအနား

KMD Group of Companies ၏ (၁၈) ကြိမ်မြောက်၊ ဆီမီး(၃ဝဝဝ) လှူဒါန်း ပူဇော်ပွဲ အခမ်းအနားကို ၂၀.၃.၁၉ (တပေါင်းလပြည့်၊ ဗုဒ္ဓဟူးနေ ့) တွင်် ရွှေတိဂုံစေတီတော်မြတ်ကြီး တွင် ကျင်းပခဲ့ပါသည်။

KMD Computer & Mobile ဆိုင်ခွဲသစ်များ ဖွင့်လှစ်ပြီးပါကြောင်း သတင်းကောင်း

KMD Computer & Mobile ရဲ့ ရန်ကင်းမြို့နယ် ဆိုင်ခွဲသစ်ကို 14.3.2019 ရက်နေ့မှာ လည်းကောင်း၊ လှိုင်သာယာမြို့နယ် ဆိုင်ခွဲသစ်ကို 31.Jan.2019 ရက်နေ့မှာ လည်းကောင်း နှင့် မြောက်ဥက္ကလာပနယ် ဆိုင်ခွဲသစ်ကို 23.Nov.2018 ရက်နေ့မှာ လည်းကောင်း အောင်မြင်စွာ ဖွင့်လှစ်လိုက်ပြီးဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ Smartphones , Laptop , Desktop , Accessories တွေအပြင် Electronics ပစ္စည်းတွေဖြစ်တဲ့ ရေခဲသေတ္တာ ၊ TV ၊ အဝတ်လျှော်စက် စတာတွေပါ တစ်နေရာထဲမှာ ဝယ်ယူနိုင်ပြီဖြစ်တဲ့အတွက် မိ်တ်ဟောင်းမိတ်သစ် Customer များကို ဖိတ်ခေါ်လိုက်ပါတယ်။

KMD Computer & Mobile (ရန်ကင်း)
======================
အမှတ် (၁၇၁)၊ သစ္စာလမ်း၊ မိုးကောင်းဘုရားအနီး
ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
09 – 447540872 ၊ 09 – 447540873

KMD Computer & Mobile (လှိုင်သာယာ)
============================
အမှတ် (၈၄)၊ အခန်း (၆)၊ ကျန်စစ်သားလမ်း၊
လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
09- 447 541 424 ၊ 09 – 447 541 425

KMD Computer & Mobile ( မြောက်ဥက္ကလာပ )
===========================
အမှတ် (၁၀၀၀) ၊ ကန်သာယာလမ်းဆုံ
သုဓမ္မာလမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း 09-251236029 ၊ 09-251236030 ၊ 09-251236040

QOOCO MOBILE LEARNING APPLICATION မိတ်ဆက်ပွဲ အခမ်းအနား

KMD Instituteနှင့် Qooco(USA)တို့ပူးပေါင်းပြီးအင်္ဂလိပ် ဘာသာစကားကို အသံထကွ်မှန်ကန်စွာ ပြောဆိုနိုင်ရန် လေ့ကျင့်ပေးမည့် Qooco Mobile Application စတင်မိတ်ဆက်လိုက်ပါသည်။ Qooco(CirrusEducationInc)အဖွဲ့အစည်းသည် ယခု Information & Communication Technology သည် Mobile Learning Technology ဟုခေါ်သည့် mobile phones(မိုဘိုင်းဖုန်း)များပေါ်တငွ် စာသင်ယူလေ့လာရန် လုပ်ဆောင်ပေးနိုင်သောနည်းပညာများကို အသုံးပြု၍ အင်္ဂလိပ်ဘာသာစကား ဖွံ့ ဖြိုးတိုးတက်မှု အားနည်းသော နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ယိုးဒယားနိုင်ငံအစရှိသည့်နိုင်ငံများတငွ် ကျောင်းများစာွ နှင့်ပူးပေါင်းချိတ်ဆက်ကာအင်္ဂလိပ်ဘာသာစကားကို ရဲရဲဝင့်ဝင့်ပြောဆိုနိုင်သည့်ကျောင်းသူ၊ကျောင်းသားများစွာကိုအောင်မြင်စွာ ထုတ်ပေးနိုင်ခဲ့ ကာ ယခု မြန်မာနိုင်ငံတငွ်လည်း KMD Institute နှင့် ပူးပေါင်းပြီး စတင်ရောက်ရှိ လာခြင်းဖြစ်ပါသည်။

Qooco Talk Applicationမှာအင်္ဂလိပ်စာစကားကို လေ့လာရန် အချိန်သီးသန် ့ပေးစရာမလို ပဲ တစ်ရက်ကို၁၅ မိနစ်ခန့်အချိန်ပေးရုံနှင်အင်္ဂလိပ်စာ Speaking နှင့် Listening ကိုထိထိရောက်ရောက်သင်ကြားနိုင်မည်ဖြစ်ပါသည်။

ကုန်ကျ ငေ ွမှာ တစ်ရက်လျှင်မြန်မာကျပ်(၅၉၀)ကျပ်တည်းကျသင့်မည်ဖြစ်ပြီး Pre KG မှစ၍ အသက်အရွယ်မရွေး Mobile Application မှ တဆင့် အလ ွယ်တကူသင်ယူလေ့လာနိုင်ပြီး(4)လကြာသည့်Level(1)ခုကို ခုနှစ်သာင်း ကျပ် သာကျမည်ဖြစ်ပါသည်။

ထူးခြားချက် မှာ Qooco Talk ကို မည်သည့် mobile device (smart phone များ၊ tablet များ) တွင်မဆိုအသုံးပြုနိုင်ပြီး Qooco ၏မူပိုင် Speech Recognition Technology (စကားလုံးများ၏အသံထွက်များကိုကွန်ပျူတာများမှခွဲခြားနားလည်နိုင်သည့်နည်းပညာ)ကို အသုံးပြုကာ Applicationအသုံးပြုသူများ၏ အင်္ဂလိပ်စာအသံထွက် မှန်မမှန်ကို ချက်ချင်းခွဲခြားအမှတ်ပေးနိုင်ပါသည်။

Qooco Talk တငွ်ပါဝင်သောသင်ခန်းစာများသည်games (ဂိမ်း)များကဲ့သို့စိတ်ဝင်စားစရာဖြစ်အောင်ရည်ရွယ်ဖန်တီးထားပြီးlevelများတိုးလာသည်နှင့်အမျှသင်ခန်းစာများ သည်လည်းပိုမိုမြင့်မားလာမည်ဖြစ်ပါသည်။

လေ့လာသူများအနေနှင့်လည်းမိမိတို့၏ စ ွမ်းဆောင်ရည် များကိုချက်ချင်းမြင်တေ ွ့နိုင်ပြီး မ လေ့လာခင်ချိန်မိမိ၏အင်္ဂလိပ်စာအရည်အသွေးနှင့် လေ့လာပြီးချိန်မိမိ၏ အင်္ဂလိပ်စာအရည်အသွေး က ွာ ခြားချက်များကိုလည်း နှိုင်းယှဉ်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

QoocoTalk သည်ကျောင်းသား၊ကျောင်းသူများအတ ွက်သာ ရည်ရယွ် ထုတ်လုပ်ထားခြင်းမဟုတ်ပဲ အလုပ်တဖက် နှင့်သင်တန်းတက်ရန်အချိန်မပေးနိုင်သောသူများ၊ နေ့ ကျောင်းတက်နေရ၍ မအားသည့့် သူများအတကွ်ပါ ရည်ရွယ်ပြီး IT နည်းပညာဖြင့် English ဘာသာစကားကို သင်ကြားနိုင်အောင် ဖန်တီးထားခြင်း ဖြစ်ပါသည််။

ပညာသင်ဆုအနေဖြင့်KMDInstituteမှတဆင့် Qooco Talk တငွ်အင်္ဂလိပ်စာကိုလေ့လာပြီး Yale University(USA) တွင်ပညာတော်သင်ဆုဖြင့်ပညာသင်ယူနိုင်ရန် အတကွ်လည်း Yale Young Global Scholars Program–Qooco Scholarships အစီအစဉ်မှာလည်းမြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပါဝင်ခွင့်ရရှိနိုင်မည်ဖြစ်ပါကြောင်းသတင်းကောင်းပါအပ်ပါသည်။