ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO (World Health Organization) မှ Coronavirus Disease 2019 (COVID-19) ရောဂါကူးစက်ပြန့်ပွားမှု နှင့် ပတ်သက်၍ ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေငြာခဲ့ပြီး ဖြစ်ပါသည်။
KMD Institute အနေဖြင့်လည်း ရောဂါကာကွယ်ရေးတွင် ပူးပေါင်းကူညီဆောင်ရွက်သည့်အနေဖြင့် International Undergraduate Diploma and Degree သင်တန်းများအားလုံးကို ၂၀၂၀ ခုနှစ် မတ်လ (၁၈) မှ စတင်၍ယာယီပိတ်ထားမည်ဖြစ်ပြီး သင်တန်းများပြန်ဖွင့်ရက်ကို ထပ်မံ အသိပေး အကြောင်းကြားပေးမည် ဖြစ်ပါသည်။
လက်ရှိဖွင့်လှစ်ထားသော သင်တန်းများတွင်တက်ရောက်နေသော ကျောင်းသူ၊ကျောင်းသားများ နှင့် ထပ်မံဖွင့်လှစ်မည့် သင်တန်းများတွင်အပ်နှံထားသော ကျောင်းသူ၊ကျောင်းသားများ၏ သင်ကြားမှု မထိခိုက်စေရန်အတွက် သင်တန်းယာယီရပ်ဆိုင်းထားစဉ်ကာလအတွင်း KMD Institute အနေဖြင့် သင်ခန်းစာများအား Online Learning နည်းစနစ်ဖြင့် ဒီကနေ့မှစတင် ၍သင်ကြားနေပြီဖြစ်ပါသည်။
Online မှ တစ်ဆင့်သင်ကြားမှုပုံစံအသေးစိတ်ကို သက်ဆိုင်ရာ အတန်းပိုင်ဆရာ၊ဆရာမများမှ ကျောင်းသူ၊ကျောင်းသားများအား အသိပေးအကြောင်းကြားပေးလျှက်ရှိပါသည်။
စာသင်ခန်းထဲတွင် သင်တန်းများပြန်လည်ဖွင့်လှစ်သည့်အခါ ကျောင်းသား၊ကျောင်းသူများ နစ်နာမှုမရှိစေရန် သင်တန်းကာလကိုလိုအပ်သလို အစားထိုးသင်ကြားပေးသွားမည်ဖြစ်ပါသည်။ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် နားမလည်သည့် သင်ခန်းစာများကို သင်တန်းများပြန်ဖွင့်သည့် အချိန်တွင်လည်း အချိန်ပိုခေါ်ယူ၍ ပြန်လည်သင်ကြားပေးမည် ဖြစ်ပါသည်။ သင်တန်းများနှင့် ပတ်သက်သည့် ထူးခြားမှုများရှိခဲ့လျှင် အချိန်နှင့် တစ်ပြေးညီ ထပ်မံအသိပေး အကြောင်းကြားသွားမည် ဖြစ်ပါသည်။
လေးစားစွာဖြင့်
ကျောင်းအုပ်ချုပ်ရေးအဖွဲ့
KMD Institute
အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက –
ncc@kmdcomputer.com
enquiry@kmdcomputer.com
တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။