Corporate Social Responsibility 2017
KMD မိသားစု ၏ (၆) ကြိမ်မြောက် စုပေါင်းသွေးလှူ ခြင်: 6 th time Blood donation Report
KMD မိသားစု ၏ (၆) ကြိမ်မြောက် စုပေါင်းသွေးလှူ ခြင်း အစီအစဉ် ကို 8.August.2017 တွင် အောင်မြင်စွာပြုလုပ် ပြီးစီးခဲ့ပါသည်။ ယနေ့တွင် စုစုပေါင်း (၅၄) ဦး သွေးလှူဒါန်း ပါသည်။ ပထမ အကြိမ် တွင် (၅၃) ဦး၊ ဒုတိယ အကြိမ် တွင် (၆၈) ဦး၊ တတိယ အကြိမ် တွင် (၇၁) ဦး၊ စတုထ္ထ အကြိမ် တွင် (၇၃) ဦး၊ ပဉ္စမ အကြိမ် တွင် (၈၁) ဦး၊ ဆဋ္ဌမ အကြိမ် တွင် (၅၄) ဦး၊ လှူ ဒါန်းခဲ့ ပြီးဖြစ်ပါသည်။
KMD Group of Companies မှ ၂ဝ၁၆ -၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်သော ကျောင်းသူများ အတွက် ပထမ အကြိမ်မြောက် ဂုဏ်ပြု ပွဲ
KMD Group of Companies မှ ၂ဝ၁၆ -၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်သော ကျောင်းသူများ အတွက် ပထမ အကြိမ်မြောက် ဂုဏ်ပြု ပွဲ အခမ်းအနား ကို 3.7.17, PSD Meeting Room 1 တွင်ကျင်းပပြု လုပ်ခဲ့ပါသည်။ အခန်းအနားတွင် ဆရာဦးဘိုဘိုလွင်မှ ဂုဏ်ပြု အမှာစကား ပြော ခဲ့ပြီး၊ ဆရာဦးရဲမြ မှ ဂုဏ်ပြုဆု ပေးအပ် ခဲ့ပါသည်။ အခန်းအနားသို့ KMD Management အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ Department များ မှ Manager များ၊ တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်သော ကျောင်းသူများ နှင့် မိဘများ စုံစုံညီညီ တက်ရောက်ချီးမြှင့်ပေးခဲ့ပါသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ တွင် (၆) ဘာသာဂုဏ်ထူးရှင်ဖြင့် အောင်မြင်သော ဒေါ်မိုးမြတ်စံ ( Manager, Cash Department ) ၏ သမီး ဖြစ်သူ မအိမြတ်စိုးခန့် အား KMD Group of Companies မှ ဂုဏ်ပြုဆုတံဆိပ် နှင့်ဂုဏ်ပြုဆုငွေ ၄ဝဝ,ဝဝဝ ကျပ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သော ဒေါ်စန်းစန်းမြင့် ( Cleaner, 49th IT Service Department ) ၏ သမီးဖြစ်သူ မယဉ်ယဉ်စန်း အား KMD Group of Companies မှ ဂုဏ်ပြုဆု ငွေ ၅ဝ,ဝဝဝ ကျပ် ကို ပေးအပ် ခဲ့ပါသည်။ တက်ရောက်လာသော ဧည်သည်များကို ကော်ဖီ နှင့် မုန့်များဖြင့် ဧည့်ခံ ခဲ့ပါသည်။ဂုဏ်ပြုဆုငွေ၊ ဂုဏ်ပြုဆုတံဆိပ်၊ ဧည်ခံစရိတ် များအတွက် စုစုပေါင်းကုန်ကျ ငွေမှာ (၄၉၈,၈၅၀) ကျပ်ဖြစ်ပါသည်။
KMD Group of Companies မှ ၂ဝ၁၆ -၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်သော ကျောင်းသူများ အတွက် ပထမ အကြိမ်မြောက် ဂုဏ်ပြု ပွဲ
MDY မှ U Myo Win ၏ သား မောင်ဉာဏ်လင်းတိုးသည် 2016 -2017 ပညာသင်နှစ်တွင် Grade 11 အောင်မြင် သည့်အတွက် KMD မှ 1.7.2017, 2:00pm တွင် 77 Mall, Meeting Room ၌ ဂုဏ်ပြုပွဲကျင်းပပေးပါသည်။ KMD Group of Companies ကိုယ်စား CEO မှ တက်ရောက်ခဲ့ပြီး ၌ ဂုဏ်ပြဆုငွေ ၅၀,၀၀၀ကျပ် ချီးမြှင့် ပေးခဲ့ ပါသည်။ Mandalay all department HOD များတက်ရောက်ခဲ့ပါသည်။ ဝန်ထမ်းများကို ကော်ဖီ နှင့် မုန့်များဖြင့် ဧည့်ခံ ခဲ့ပါသည်။
No 174-182, Pansodan Road (Middle Block), Kyauktada Township, Yangon, Myanmar.
Phone: +95-1-8-381129, 381776, 381035
Email: enquiry@kmdcomputer.com
KMD was founded in 1986 as a Training Institute. Now it holds presence in complete Technology paradigm of country with 900+ workforce.