Corporate Social Responsibility 2020
KMD မိသားစု စုပေါင်းသွေးလှူဒါန်းပွဲ (December)2020
KMD မိသားစု၏ (၁၅) ကြိမ်မြောက် စုပေါင်းသွေးလှူခြင်း အစီအစဉ် ကို 8.12.20 နေ့၊ နေ့လည် (၁ နာရီမှ ၅:၃၀ နာရီအထိ) အောင်မြင်စွာ ပြုလုပ် ပြီးစီးခဲ့ပါသည်။ စာရင်းပေး ဝန်ထမ်း (၄၀) ဦး ထဲမှဝန်ထမ်း (၃၁) ဦး သွေးလှူဒါန်း နိုင်ခဲ့ပါသည်။ စုပေါင်းသွေးလှူ ခြင်း အစီအစဉ်အရ (၁၅) ကြိမ်မြောက်အထိ လှူဒါန်းထားသော စာရင်း အား အောက်တွင် ဖော်ပြထားပါသည်။ နှစ်အလိုက် စုပေါင်းသွေးလှူသည့်လူဦးရေ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်အတွက် (၅၃) ဦး၊ ၂၀၁၆ ခုနှစ် အတွက် (၂၁၂) ဦး၊ ၂၀၁၇ ခုနှစ်အတွက် (၂၂၅) ဦး၊ ၂၀၁၈ ခုနှစ်အတွက် (၂၂၅) ဦး၊ ၂၀၁၉ ခုနှစ်အတွက် ( ၁၄၃) ဦး၊ ၂၀၂၀ ခုနှစ်အတွက် (၆၇) ဦး၊ ဖြစ်သောကြောင့် စုစုပေါင်း (၉၂၅) ဦး ဖြစ်ပါသည်။
(၁၇) ကြိမ်မြောက် KMD Group of Companies (MDY) ၏မဟာဘုံကထိန်အလှူတော်
(၁၇) ကြိမ်မြောက် KMD Group of Companies (MDY) ၏မဟာဘုံကထိန်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ ရက် (ကြာသပတေးနေ့) နံနက် (၉)နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ သစ္စဝါဒီကျောင်း၌ သံဃာတော် (၅)ပါး ပင့်ဖိတ်ပြီး တရားနာယူ၍ အောင်မြင်စွာ ရေစက်သွန်းချလှူဒါန်းခဲ့ပါသည်☺️ စုပေါင်းမဟာဘုံကထိန်အလှူတော်တွင် အလှူငွေသား ၊ အလှူပစ္စည်းများ ၊ ဆွမ်းအလှူတော်နှင့် ဧည့်ခံကျွေးမွေးရေးအတွက်ပါ စုစုပေါင်း (၁,၅၈၀,၅၀၀) ကျပ် တိတိ ကို ရေစမ်းသွန်းချလှူဒါန်းခဲ့ပါသည်☺️ KMD Group of Companies (MDY) ကနေပြုလုပ်ခဲ့တဲ့ ကုသိုလ်အပေါင်းကို KMD မိသားစုဝင်များနှင့်တကွ မိဘပြည်သူညီအကို မောင်နှမ အားလုံး ထပ်တူထပ်မျှ သာဓုခေါ်စေနိုင်ရန်အတွက် ကထိန်ကုသိုလ် များကိုဝေမျှပေးလိုက်ရပါတယ် ☺️
(၂၄) ကြိမ်မြောက် KMD Group of Companies ၏ စုပေါင်း မဟာဘုံကထိန် အလှူတော်
(၂၄) ကြိမ်မြောက် KMD Group of Companies (YGN) ၏ စုပေါင်း မဟာဘုံကထိန် အလှူတော် မင်္ဂလာကို၂ဝ၂၀ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၉ ရက် ၊ နံနက် ၉:၃ဝ နာရီ တွင် လယ်တီမူဝိပဿနာကမ္မဌာန်း ကျောင်းတိုက် တွင် ကထိန်သင်္ကန်း ကပ်လှူ ပူဇော်ပြီး တရားနာယူ၍ အောင်မြင်စွာ ရေစက်သွန်းချလှူဒါန်း ခဲ့ပါသည်☺️ စုပေါင်းမဟာဘုံကထိန်အလှူတော်တွင် အလှူငွေသားတန်ဖိုး (၃,၄၅၃,၀၀၀) ကျပ်၊ အလှူပစ္စည်းတန်ဖိုး (၂၈၀,၀၀၀) ကျပ် ၊ ဆွမ်းအလှူတာ် နှင့် ဧည့်ခံကျွေးမွေးရေးအတွက် (၁၇၅,၀၀၀) ကျပ်၊ အားလုံးအတွက် စုစုပေါင်း လှူဒါန်းငွေ (၃,၉၀၈,၀၀၀) ကျပ် တိတိ ကို ရေစက်သွန်းချလှူဒါန်းခဲ့ပါသည်☺️ KMD Group of Companies (YGN) ကနေပြုလုပ်ခဲ့တဲ့ ကုသိုလ်အပေါင်းကို KMD မိသားစုဝင်များနှင့်တကွ မိဘပြည်သူညီအကို မောင်နှမ အားလုံး ထပ်တူထပ်မျှ သာဓုခေါ်စေနိုင်ရန်အတွက် ကထိန်ကုသိုလ် များကိုဝေမျှပေးလိုက်ရပါတယ် ☺️
KMD Group of Companies မှ ၂၀၁၉ – ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်သော KMD ဝန်ထမ်းမိသားစု၀င် များအတွက် ဒုတိယ အကြိမ်မြောက် ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပပေးခြင်း။
တက္ကသိုလ်၀င်တန်း စာမေးပွဲ အောင်မြင်မှု့အတွက် ဂုဏ်ပြုပွဲ အခမ်းအနား ကို 28.8.2020 တွင် Pansodan Meeting room တွင်ကျင်းပခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်၀င်တန်း စာမေးပွဲ ကို (၄) ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ပါသော ဒေါ်အိအိမွန် (MRS Sales) ၏ သမီးဖြစ် သူ အား KMD Group of Companies မှ ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပပေးခြင်းဖြစ်ပါသည်။ အခမ်းအနားတွင် CEO, COO, Senior Director များ, တာ၀န်ရှိသူများ နှင့် ဒေါ်အိအိမွန် တို့ မိသားစု တက်ရောက်ခဲ့ပါသည်။ CEO မှ Congratulation speech ပြောကြားခဲ့ပီး Sayar U Bo Bo Lwin မှ ဂုဏ်ပြု ဆု ပေးခဲ့ပါသည်။ ဂုဏ်ပြုဆု တွင် ဆုတံဆိပ် နှင့် တက္ကသိုလ် ဝန်ထမ်း စာမေးပွဲ အောင်မြင်သော ဝန်ထမ်းသားသမီးများ အတွက် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း တွင် ၄ဘာသာ ဂုဏ်ထူးအတွက် ငွေကျပ် နှစ်သိန်း၅သောင်း ကို ဂုဏ်ယူစွာဖြင့် ချီးမြှင့်ခဲ့ပါသည်။
Covid 19 ကာလအတွက် KMD မှလှူဒါန်းခြင်း
Covid 19 ကာလအတွင်းသွေးလှူရှင်များ လိုအပ်သည်များကိုသုံးစွဲရန်အတွက် KMD Group of Company ဝန်ထမ်းများမှ ငွေကျပ် သုံးသိန်းနှစ်သောင်းတိတိကို ဗဟိုအမျိုးသားသွေးလှူဘဏ်အား လှူဒါန်းခဲ့ပါသည်။
No 174-182, Pansodan Road (Middle Block), Kyauktada Township, Yangon, Myanmar.
Phone: +95-1-8-381129, 381776, 381035
Email: enquiry@kmdcomputer.com
KMD was founded in 1986 as a Training Institute. Now it holds presence in complete Technology paradigm of country with 900+ workforce.