Media2017
တိုင်ပေမြို့တွင် ကျင်းပသော ASOCIO အဖွဲ့မှ ပေးအပ်သော ASOCIO ICT Education Award ကို ဆရာ ဦးဘိုဘိုလွင် (Senior Director) မှ ဆုလက်ခံရယူနေစဉ်…
တိုင်ပေ (Taipei) မြို့တွင် စက်တင်ဘာ 10ရက်မှ 13ရက်နေ့ထိ ကျင်းပသော World Congress on Information Technology 2017 (WCIT) Forum တွင် Asian-Oceanian Computing Industry Organization (ASOCIO) မှ ၂၀၁၇ တွင် ပထမဦးဆုံး ချီးမြင့်သည့် ICT education award ကို မြန်မာနိုင်ငံကိုယ်စားပြု company အနေဖြင့် KMD institute မှ ဂုဏ်ယူစွာဖြင့် ပထမဆူုံးရရှိခဲ့ပါသည်။ WCIT Forum သည် WITSAမှဦးစီးပြီး နိုင်ငံပေါင်း 80ကျော်မှအစိုးရခေါင်းဆောင်များ၊ IT နယ်ပယ်မှ အကြီးကဲများ၊ပညာရေးခေါင်းဆောင်များ အစရှိသည့်နယ်ပယ်မျိုးစုံမှအဖွဲ့အစည်းများအတွက် စီးပွားရေး အခွင့်အလမ်းများနှင့်နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များကို ဆွေးနွေးနိုင်ရန် နှစ်စဉ်ကျင်းပပေး လျှက်ရှိသော ကြီးမားသည့် International Forum တစ်ခုဖြစ် ပါသည်။ WCIT Forum ၏ အဖွဲ့ဝင်တစ်ခုဖြစ်သော ASOCIO (Asian-Oceanian Computing Industry Organization) သည် ၁၉၈၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် Asia နှင့် Oceania Region ရှိ အဖွဲ ့ဝင် ကုမ္ပဏီပေါင်း 100,000 ကျော်ပါ၀င်သော International ICT Trade Organization တစ်ခု ဖြစ်ပါသည်။ WCIT ၏ international forum တွင် ASOCIO အဖွဲ့ မှ ကမ္ဘာ့တစ်လွှားရှိ ICT company များကို ASOCIO Outstanding ICT Company Award, ASOCIO Outstanding User Organisation Award နှင့် ASOCIO Digital Government Award များကို နှစ်စဉ် ချီးမြှင့်လျက်ရှိပါသည်။ ယခု ၂၀၁၇ ခုနှစ်တွင် ASOCIO ICT Education Award သည် Myanmar နိုင်ငံအတွက် ပထမဦးဆုံး ပေးအပ်သောဆုဖြစ်ပါသည်။ စက်တင်ဘာ ၁၀ရက်နေ့မှ ၁၃ရက်တွင် Taipei International Convention Center(TICC) တွင်ကျင်းပခဲ့သော WCIT Forum အခမ်းအနားတွင် KMD institute မှ Senior Director ဦးဘိုဘိုလွင် သည် မြန်မာ နိုင်ငံကိုယ်စားပြု ပြီး ASOCIO ICT Education Award ကို ဦးစွာရရှိခဲ့ခြင်းဖြစ်ပါသည်။ KMD Institute အနေဖြင့် ၁၉၈၆ ခုနှစ် မှစတင် ဖြတ်သန်းခဲ့သော နှစ်ပေါင်း ၃၀ ကာလအတွင်းတွင် မြန်မာနိုင်ငံရှိ IT ပညာရေးတွင် နိုင်ငံသားများအားလုံး IT နှင့် Media နည်းပညာရပ်များကို နိုင်ငံတကာနည်းပညာများ အသုံးပြု ၍ ခေတ်မှီတိုးတက်သော လူ ့ဘောင်ကို အကျိုးပြုနိုင်ရန် စဉ်ဆက်မပြတ်သင်ကြား ပို ့ချနေ သော အောင်မြင်သည့်အဖွဲ ့အစည်းတစ်ခုဖြစ်သောကြောင့် ASOCIO ၏ ICT Education Award ကို ရရှိနိုင်ရန် အတွက် ICT Education Award တစ်ခုတည်းကိုသာ မြန်မာ နိုင်ငံကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါသည်။
တူယှဉ်နွှဲပျော်မဲ့ KMD သီတင်းကျွတ်စျေးရောင်းပွဲတော်….
သီတင်းကျွတ်တော့မဲ့ အချိန်အခါလေးမှာ IT & Mobile ပစ္စည်းများ ၀ယ်ယူလိုသူများ၊ IT နှင့် ပက်သက်သော သင်တန်းများကို တက်ရောက်မည့်သူများအတွက် အထူး Discount Program များစီစဉ်ထားရှိပေးတဲ့ ပွဲလေးတစ်ပွဲဖြစ်တဲ့အတွက် KMD မှာ အစဉ်တစ်စိုက်အားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ်အားလုံးနှင့် ကျောင်းသားကျောင်းသူများအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်နော်။
KMD ရဲ့သီတင်းကျွတ် စျေးရောင်းပွဲတော်ကို 28 September မှ 3 October အထိ 6 ရက်တိုင်တိုင် မြေနီကုန်း KMD campus အတွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ကွန်ပျူတာ, မိုဘိုင်းဖုန်း, နှင့် အခြားဆက်စပ်ပစ္စည်းများကို လက်ငင်းဝယ်ယူလိုသူများ (သို့) အရစ်ကျဖြင့် ၀ယ်ယူလိုသူများအတွက် up to 70% OFF sale လည်းရှိသလို၊ Cashback အစီအစဉ်များ၊ ဗလာမပါ ကံစမ်းမဲနှင့် ဆုလက်ဆောင် အစီအစဉ်များ လည်းရရှိဦးမှာ ဖြစ်ပါတယ်။
ကွန်ပျူတာ သင်တန်း အပ်နှံမည့်သူများအတွက်လည်း Application & Professional Course အပ်နှံမည့်သူများအတွက် 20% Discount ရရှိမှာဖြစ်တဲ့အပြင် အထူးအစီအစဉ်အနေဖြင့် Level 4 Diploma in Business IT အပ်နှံမည့်သူများအတွက် 20% Discount ဖြင့် အပ်နှံခွင့် ရရှိမှာဖြစ်ပါတယ်။
သီတင်းကျွတ်စျေးရောင်းပွဲ ကျင်းပပြုလုပ်မည့်နေရာကတော့ အမှတ်(၃၃၁)၊ ပြည်လမ်း၊ မဟာမြိုင်ကားမှတ်တိုင်အနီး၊ မြေနီကုန်းတွင်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန် ဖုန်း- ၀၁ ၅၀၃၅၁၁ ၊ ၅၀၃၅၂၂ သို့ဆက်သွယ်မေးမြန်းနိုင်သည်ဟုသိရပါသည်။
No 174-182, Pansodan Road (Middle Block), Kyauktada Township, Yangon, Myanmar.
Phone: +95-1-8-381129, 381776, 381035
Email: enquiry@kmdcomputer.com
KMD was founded in 1986 as a Training Institute. Now it holds presence in complete Technology paradigm of country with 900+ workforce.