KMD မိသားစု၏ (၁၅) ကြိမ်မြောက် စုပေါင်းသွေးလှူခြင်း အစီအစဉ် ကို 8.12.20 နေ့၊ နေ့လည် (၁ နာရီမှ ၅:၃၀ နာရီအထိ) အောင်မြင်စွာ ပြုလုပ် ပြီးစီးခဲ့ပါသည်။ စာရင်းပေး ဝန်ထမ်း (၄၀) ဦး ထဲမှဝန်ထမ်း (၃၁) ဦး သွေးလှူဒါန်း နိုင်ခဲ့ပါသည်။ စုပေါင်းသွေးလှူ ခြင်း အစီအစဉ်အရ (၁၅) ကြိမ်မြောက်အထိ လှူဒါန်းထားသော စာရင်း အား အောက်တွင် ဖော်ပြထားပါသည်။ နှစ်အလိုက် စုပေါင်းသွေးလှူသည့်လူဦးရေ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်အတွက် (၅၃) ဦး၊ ၂၀၁၆ ခုနှစ် အတွက် (၂၁၂) ဦး၊ ၂၀၁၇ ခုနှစ်အတွက် (၂၂၅) ဦး၊ ၂၀၁၈ ခုနှစ်အတွက် (၂၂၅) ဦး၊ ၂၀၁၉ ခုနှစ်အတွက် ( ၁၄၃) ဦး၊ ၂၀၂၀ ခုနှစ်အတွက် (၆၇) ဦး၊ ဖြစ်သောကြောင့် စုစုပေါင်း (၉၂၅) ဦး ဖြစ်ပါသည်။

