KMD Computer Group မှ Covid 19 Medical Center အသစ် (ဖောင်ကြီး) ရန်ကုန်၏ အရေးပေါ်လိုအပ်နေသော IT Equipment များနှင့် ဆက်စပ်ပစ္စည်းများကို ပံ့ပိုးလှူဒါန်း ခြင်းအပြင် Computer (Notebook) များ အသုံးပြုနိုင်အောင်တတ်ဆင်ပေးထားပါတယ်

၎င်း Computer များမှ သတင်းအချက်အလက်များ ဖလှယ်နိုင်ရန် Consultant လုပ်ပေးခြင်း နှင့် Internet ရရှိနိုင်ရန် Network Cable များ သွယ်တန်းချိတ်ဆက်ပေးခြင်း တို့ကိုပါ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထို့အပြင် စီမံခန့်ခွဲရေးငှာနအတွက် လိုအပ်သော Laser Pointer နှင့် Color Printer များကိုလဲ လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။

တခြားလိုအပ်သော IT နှင့် ဆက်စပ်ပစ္စည်းများလှူဒါန်းခြင်းများကို သင်္ကြန်တွင်းကာလ ဖောင်ကြီးဆေးရုံသစ်မဖွင့်ခင် ကျွမ်းကျင်ပညာရှင်များမှ သွားရောက် တပ်ဆင်ပြုလုပ်ပေးခဲ့ပါသည်။

ဆေးတက္ကသိုလ် (၁) ၏ လိုအပ်သော IT နှင့် ဆက်စပ်ပစ္စည်းများ ပံ့ပိုးလှူဒါန်းခြင်းအပြင် ကျွမ်းကျင်ပညာရှင်များက နည်းပညာပိုင်းဆိုင်ရာ Consultation များပြုလုပ်ကူညီပေးလျက်လည်း ရှိပါသည်။

ဖောင်ကြီးဆေးရုံအတွက် “The Assistance of US Google to Utilize their tools for the hospital IT System” သုံးခြင်းဖြင့် Google email အကောင့်များ ရရှိနိုင်သည့်အပြင် Conference Calls များအတွက်လည်း အဆင်ပြေစေဖို့ Google နဲ့ တရားဝင်ချိတ်ဆက်ပေးခြင်း များကို KMD Computer Group မှာ ပြုလုပ်ပေးခဲ့နိုင်ခြင်း အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်းနှင့် အစဉ်အားပေးနေကြသော မိတ်ဟောင်းမိတ်သစ်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ Suppliers များမှ ထပ်တူထပ်မျှ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ရန် သတင်းစကားပါးအပ်ပါသည်။