KMD Group of Companies မှ လှူဒါန်းပေးခဲ့တဲ့ oxygen concentrator (1) လုံး တန်ဖိုးငွေ (၁၃၅၀၀၀)ကျပ်ကို လူနာဆောင်များမှာ အသုံးပြုဖို့ Matron ဒေါ်ခင်စန်းကြည်ကို ဒီနေ့ပဲ လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။မကြာခင် လူနာဆောင်များမှ အသက်ရှုခက်ခဲသော လူနာများအတွက်အောက်စီဂျင်စက် နောက်တစ်လုံး အသုံးပြုနိုင်ပါတော့မယ်။KMD Group of Companies လည်း ဒီနေ့အလှူအတွက် ဝမ်းသာပီတိ ဖြစ်ကြပါစေ။လူနာတွေသက်တောင့်သက်သာအသက်ရူပြီး အမောပြေခဲ့ရတာကြောင့် အလှူရှင်များလည်း ဘယ်လိုမျိုး ဘဝအမောတွေကို မခံစားရဘဲ အမြဲထာဝရစိတ်ကြည်လင်ချမ်းမြ ကြပါစေ။လိုအင်ဆန္ဒ မှန်သမျှ ကြံဆရုံနဲ့ ပြည့်ပါစေ။ပညာရှိ သူတော်ကောင်းတွေနဲ့ ပေါင်းသင်းရပြီး ကိုယ်တိုင်လည်း ပညာရှိ သူတော်ကောင်းအဖြစ်နဲ့ အလှဆုံး ဘဝတွေကို ပုံဖော်ထုဆစ်နိုင်ကြပါစေ။